DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူအီးအက်ဖ်အေ
ဘက်ဟမ်း အင်္ဂလန်အတွက် အရွေးချယ်ခံရပြီး မေဂျာလိဂ်ပွဲစဉ်တွေ ပျက်ကွက်မှာကို ဂလက်စီနည်းပြ စိုးရိမ်နေ
အေအက်ဖ်ပီ - မေ ၂၈၊ ၂၀၀၇

လော့စ်အိန်ဂျလိဂလက်စီနည်းပြ အဲလက်စီလာလပ်စ်က ဘက်ဟမ်းကို အင်္ဂလန်အသင်းက ပြန်ခေါ်တဲ့အတွက် အမေရိကန်မေဂျာလိဂ်ကလပ် ပွဲစဉ်တွေမှာ ကစားဖို့ နှောင့်နှေးသွားမှာကို စိုးရိမ်ကြောင်းပြောပါတယ်။

ဘက်ဟမ်း ဒေါ်လာ သန်း (၂၅၀)တန်းဖိုးရှိတဲ့ (၅)နှစ်စာချုပ်နဲ့ ဒီနှစ်ရာသီအစပိုင်းမှာ ရီရဲကနေ ဂလက်စီအသင်းကို ပြောင်းရွေ့ဖို့ သဘောတူထားပါတယ်။

ဂလက်စီအသင်းဟာ ဘက်ဟမ်းရောက်မယ့် ပွဲစဉ်ရက်တွေအတွက် လက်မှတ် ထောင်ပေါင်း များစွာကို ကြိုတင်ရောင်းချထားပြီး ဖြစ်ပါတယ်။ အင်္ဂလန်က ပြန်အခေါ်ခံရတဲ့ ဘက်ဟမ်းဟာ အစ္စရေး၊ ရုရှ၊ အက်စတိုးနီးယားတို့နဲ့ ကစားမယ့် ပွဲစဉ်တွေမှာ ကစားရမှာ ဖြစ်တဲ့အတွက် မေဂျာလိဂ် ပွဲစဉ်တချို့ကို ပျက်ကွက်နိုင်ဖွယ် ရှိနေပါတယ်။

လာလပ်စ်က “စီပွားရေး ရှု့ထောင့်ကကြည့်ရင် သိပ်ပြီး ကြီးမားတဲ့ သတင်းတော့ မဟုတ်ပါ ဘူး။ အကြောင်းကတော့ ကျနော်တို့က အသင်းနဲ့ ဘက်ဟမ်းကို ရောင်းနေသလို လူတော် တော်များများကလည်း သူ ဂလက်စီမှာ ကစားတာကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ခြင်ကြမှာပါ” လို့ ပြောပါတယ်။

“ကျနော်တို့အနေနဲ့ စီးပွားရေးရှု့ထောင့်ကနေ ညှိနှိုင်းယူရပါမယ်။ ဒါပေမယ့် ကျနော်တို့ ကစား သမားတစ်ယောက် အင်္ဂလန်ကို ကိုယ်စားပြုပြီး ကစားခွင့်ရတာကတော့ ကြီးကျယ်တဲ့ အရာ ပါပဲလို့ ပြောရမှာပါ” လို့ လာလပ်စ်က ထပ်ပြောပါတယ်။

အသက် (၃၂)နှစ်ရှိ ဘက်ဟမ်းဟာ ၂၀၀၆ ကမ္ဘာ့ဖလားပြီးကတည်းက လက်ရွေးစင်အသင်း ကစားသမားဘ၀ကို ဆုံးရှုံးခဲ့ပြီး တစ်နှစ်အကြာမှာ အခုလို ပြန်လည်ရွေးချယ်ခံရခြင်း ဖြစ်ပါတယ်။


ပရိတ်သတ်တွေကို နူတ်ဆက်နေတဲ့ ဘက်ဟမ်း