DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူအီးအက်ဖ်အေ
တရုတ်ခြေစမ်းပွဲ ခရီးစဉ်မှာ ရော်နယ်ဒင်ဟိုနဲ့ တခြား ထိပ်သီးဘာစီလိုနာ ကစားသမားတွေ လိုက်ပါဖို့ရှိ
ရိုက်တာ - မေ ၂၂၊ ၂၀၀၇

ရော်နယ်ဒင်ဟိုနဲ့ တခြား ဘာစီလိုနာ ထိပ်သီးကစားသမားတွေဟာ သြဂုတ် (၅)ရက်နေ့ တရုတ်နိုင်ငံရဲ့ မြို့တော်မှာ ဘေဂျင်းဂူအွန်ကလပ်နဲ့ ကစားမယ့်ပွဲမှာ ပါဝင်မှာဖြစ်ကြောင်း ပွဲဖြစ်ရေးအတွက် ကြိုးပမ်းနေသူတွေက ယမန်နေ့က ပြောပါတယ်။

ယခင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဟောင်း ရော်နယ်ဒင်ဟိုဟာ တရုတ်နိုင်ငံမှာ အရမ်းလူကြိုက်များတဲ့ ကစားသမား ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ လွန်ခဲ့တဲ့ (၃)နှစ်အကြာ တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် ပြုလုပ်တဲ့ အာရှဘောလုံးပြိုင်ပွဲအပြီးမှာ လည်ပတ်ခဲ့ပြီး ရှန်ဟိုင်းကလပ်နဲ့ ချစ်ကြည်ရေးပွဲ ကစားခဲ့ ဖူးပါတယ်။

“၂၀၀၄မှာ ဘာစီလိုနာ လာလည်ပြီး ရှန်ဟိုင်းကလပ်နဲ့ ကစားတဲ့ပွဲဟာ ကျနော်တို့ရဲ့ ဂုဏ်သိ က္ခာကို ထိခိုက်စေခဲ့ ပါတယ်။ ဒါကြောင့် သူတို့က ပြန်လည်ပြင်ဆင်တဲ့ အနေနဲ့ ပထမတန်း စား အဆင့်ရှိတဲ့အသင်းနဲ့ ပေးကစားမှာ ဖြစ်ပါတယ်” လို့ လီဟွန်ဝီက သတင်းစာ ရှင်းလင်း ပွဲမှာ ပြောပါတယ်။

ဘာစီလိုနာဟာ အာရှခရီးစဉ်အတွင်းမှာ ဂျပန်နဲ့ မကာအိုတို့ကိုလည်း သွားရောက်ပြီး ကစား မှာ ဖြစ်ပါတယ်။

ပွဲဖြစ်ရေး ကြိုးပမ်းသူတွေက “တကယ်လို့ လာမယ့် ရာသီမှာ ရော်နယ်ဒင်ဟို၊ မက်ဆီနဲ့ အီတိုးတို့ ဘာစီလိုနာမှာ ဆက်ရှိသေးရင် တရုတ် ခရီးစဉ်မှာ ပါလာမှာ ဖြစ်ပါတယ်” လို့ ပြော ပါတယ်။

ယင်းပွဲစဉ်ဟာ ၂၀၀၈ ဘေးဂျင်း အိုလံပစ် ပွဲမတိုင်မီ တစ်နှစ်အလို ပြင်ဆင်မှုရဲ့ အစိတ် အပိုင်း ဖြစ်ပါတယ်။ ဘေးဂျင်း အိုလံပစ်ပြိုင်ပွဲဟာ သြဂုတ် (၈)ရက်၊ ၂၀၀၈မှာ စတင်မှာ ဖြစ် ပါတယ်။


ရော်နယ်ဒင် (၀ဲ)နဲ့ အီတိုး (ယာ)