ဘရာဇီးလက်ရွေးစင် တိုက်စစ်မှူးဟောင်း ရိုမာရီယိုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဗတ်စကို ဒါဂါးမားအတွက် ကစားပေးရင်း သွင်းဂိုး (၁,၀၀၀) ပြည့်ခဲ့ပါတယ်။
အသက် (၄၁)နှစ်ရှိ ရိုမာရီယိုဟာ ဗတ်စကိုဒါဂါးမားက Recife Sport အသင်းကို (၃)ဂိုး (၁)ဂိုးနဲ့ အနိုင်ရတဲ့ပွဲ (၄၁)မိနစ်မှာ ကိုယ်တိုင် ပင်နယ်တီကန်သွင်းပြီး ဂိုးယူခဲ့ပါတယ်။
ယင်းသွင်းဂိုး (၁,၀၀၀)ဟာ ဖီဖာက တရားဝင် ခွင့်ပြု အသိအမှတ်ပြုထားတဲ့ ဂိုးတွေမ ဟုတ် ဘဲ သူကိုယ်တိုင် ရေတွက်ထားတဲ့ ဂိုးတွေဖြစ်ပြီး ကစားခဲ့တဲ့ ပွဲပေါင်း (၁,၂၅၄) ပွဲမှ ဖြစ်ပါ တယ်။
သူဟာ ကစားသမားဘ၀ သက်တမ်းတလျှောက်မှာ လက်ရှိ ကစားနေတဲ့ ဗတ်စကိုဒါဂါး မားကို မရောက်ရှိမီ ပီအက်စ်ဗွီ၊ ဘာစီလိုနာနဲ့ ဖလန်မန်ဂိုတို့မှာ ကစားခဲ့ ဖူးပါတယ်။
ရိုမာရီယိုဟာ ဘရာဇီးအသင်းကို ၁၉၉၄ အမေရိကန် ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်အောင် အဓိကနေရာကနေ ကူညီခဲ့ပြီး လက်ရွေးစင်အသင်းအတွက် ဂိုးပေါင်း (၅၆)ဂိုး သွင်းပေးထား ပါတယ်။
|

သွင်းဂိုး တစ်ထောင်ပြည့်သွားတဲ့ ရိုမာရီယို
|