မကြာသေးမီ ရက်ပိုင်းတွေအတွင်းက ကျန်းမာရေး ပြန်လည်ကောင်းမွန်လာတဲ့ အာဂျင်တီးနား ဘောလုံးသူရဲကောင်း မာရာဒိုနာအနေနဲ့ အနားယူဖို့ အချိန်လိုအပ်တာကြောင့် မူလက သတ် မှတ်ထားတဲ့ အာရှ ခရီးစဉ်ကို ရက်ရွေ့ဆိုင်းလိုက်ကြောင်း အာဂျင်တီးနားသံရုံးက ယမန်နေ့ က ပြောပါတယ်။
အသက် (၄၆)နှစ်ရှိ မာရာဒိုနာဟာ လာမယ့် အပတ်ထဲမှာ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်္ကာပူနဲ့ ထိုင်းတို့ကို သွားရောက်လည်ပတ်ဖို့ စီစဉ်ထားပေမယ့် ကျန်မာရေး အခြေအနေကြောင့် ဇွန်လကုန်ပိုင်းအထိ ရက်ရွေ့ခဲ့ပါတယ်။
ဘောလုံးသူရဲကောင်း မာရာဒိုနာဟာ ပြီးခဲ့တဲ့မေ (၆)ရက်နေ့ကမှာ အာဂျင်းတီးနားရှိ Buenos Aires ဆေးရုံးမှ ဆင်းခဲ့ပါတယ်။
သူအနေနဲ့ အရက်ဖြတ်ပြီးနောက် ခံစားရတဲ့ မခွဲစိတ်ရတဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေအတွက် အနားယူဖို့ လိုအပ်ပါတယ် လို့ အာဂျင်တီးနားသံရုံးက ပြောပါတယ်။
မာရာဒိုနာအနေနဲ့ ထိုင်းနိုင်ငံမှာ (၅)ရက်ကြာ နေထိုင်ဖို့ စီစဉ်ထားပြီး ဘောလုံးပြပွဲတစ်ခုမှာ ၀င်ရောက်ဆင်နွဲဖို့ကိုလည်း အားခဲထားပါတယ်။
၁၉၈၆ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ်နဲ့ ဦးဆောင်ပြီး ချန်ပီယံဖြစ်အောင် လုပ်နိုင်ခဲ့တဲ့ မာရာဒိုနာဟာ ဘာစီလိုနာ၊ နာပိုလီစတဲ့ အသင်းတွေမှာလည်း ကစားခဲ့ ဖူးပါတယ်။
သူဟာ ကိုးကင်းသုံးစွဲမှုကြောင့် ဘ၀မှာ အတက်အကျ အနိမ့်အမြင့်များစွာကို ရင်ဆိုင်ခဲ့ရပြီး အရက်စွဲလန်းမှုဒဏ်ကိုလည်း နှစ်ပေါင်းများစွာ ခံခဲ့ရပါတယ်။
|

အာရှကိုလည်ပတ်ဖို့ စီစဉ်ထားတဲ့ မာရာဒိုနာ
|