ဖီဖာရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အဆင့်သတ်မှတ်ချက်အရ ကမ္ဘာ့ဖလား ချန်ပီယံ အီတလီဟာ အာဂျင်တီးနားကို ဖယ်ရှားပြီး အဆင့် (၁)နေရာကို ပြန်လည် ရယူနိုင်ခဲ့ ပါတယ်။
အာဂျင်တီးနားဟာ အဆင့် (၁)နေရာကို တစ်လကြာ ရယူခဲ့သော်လည်း အီတလီဟာ ယူရို ၂၀၀၈ ခြေစစ်ပွဲမှာ စကော့တလန်ကို အနိုင်ရပြီးနောက် နံပါတ် (၁)နေရာကို ပြန်လည် ရယူနိုင် ခဲ့ ပါတယ်။
ဘောလုံးအင်အားကြီးဖြစ်တဲ့ ဘရာဇီးကတော့ တတိယနေရာမှာ ရပ်တည်နေ ပါတယ်။
နယ်သာလန်နဲ့ ပေါ်တူဂီတို့က အဆင့်(၆)နဲ့ (၇)နေရာတို့ကို ရယူနိုင်ခဲ့ပြီး စပိန်ကတော့ အဆင့် (၉)နေရာကို လျောကျခဲ့ ပါတယ်။
အင်္ဂလန်က အစ္စရေးနဲ့ သရေကျပြီးနောက် အဆင့် (၈)နေရာကို ရောက်ခဲ့ ပါတယ်။
အဆင့် (၁၀)ရဲ့ ပြင်ပမှာ ရှိနေတဲ့ တူရကီဟာ (၁၀)ဆင့် ခုန်တက်ပြီး အဆင့် (၁၇)နေရာကို ရယူနိုင်ခဲ့သလို မြောက်အိုင်ယာလန်ကလည်း (၁၄)ဆင့် ခုန်တက်ပြီး အဆင့် (၃၃)နေရာကို ရယူနိုင်ခဲ့ ပါတယ်။
မြောက်အိုင်ယာလန်ဟာ ယူရို ၂၀၀၈ ခြေစစ်ပွဲမှာ ဆွီဒင်ကို နိုင်ရပြီးနောက် အခုလို အဆင့် ခုန်တက်ခဲ့ခြင်း ဖြစ်ပြီး ၁၉၉၄ နောက်ပိုင်းမှာ အမြင့်ဆုံး အဆင့်ကို ရရှိခြင်း ဖြစ်ပါတယ်။ ၂၀၀၄မှာ အဆိုးဝါးဆုံးအဖြစ် အဆင့် (၁၂၄)အထိ ရောက်ရှိခဲ့ဖူး ပါတယ်။
အိုင်ယာလန်ဟာ (၂၀)ဆင့် ခုန်တက်ပြီး အဆင့် (၃၁) နေရာကို ရောက်ခဲ့ပေမယ့် စကော့တ လန်က (၃)ဆင့် လျောကျပြီး အဆင့် (၁၉)၊ ဝေးလ်က (၃)ဆင့်တက်ပြီး အဆင့် (၇၄) နေရာကို ရခဲ့ပါတယ်။
|