DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူအီးအက်ဖ်အေ
ယူရို ၂၀၁၂ အိမ်ရှင်အဖြစ် ပိုလန်နဲ့ ယူကရိန်းတို့ လက်ခံကျင်းပခွင့်ရ
ဘီဘီစီ - ဧပြီ ၁၈၊ ၂၀၀၇

ယူအီးအက်ဖ်အေက ပိုလန်နဲ့ ယူကရိန်းတို့ကို ယူရို ၂၀၁၂ မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ရွေးချယ်ခဲ့ပါတယ်။

အီတလီဟာ ယူရို ၂၀၁၂ ပွဲစဉ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရမယ်လို့ လူအများက ခန့်မှန်းခဲ့ ကြပါတယ်။ ဒါ့အပြင် ခရိုအေးရှားနဲ့ ဟန်ဂေရီတို့ကိုလည်း ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခွင့် ရဖို့ ရေပန်းစားခဲ့ ပါတယ်။

အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရေး အီတလီရဲ့ ကြိုးပမ်းချက်ဟာ ယမန်နှစ်က စီးရီးအေ လာဘ် စားမှု အရှုပ်တော်ပုံ၊ ပရိတ်သတ်တွေရဲ့ လူစုလူဝေးနဲ့ သောင်းကျန်းတဲ့ ဖြစ်ရပ်တွေ ကြောင့် မှေးမှိန်ခဲ့ရခြင်း ဖြစ်ပါတယ်။

ပိုလန်နဲ့ ယူကရိန်းတို့ဟာ ဥရောပရဲ့ အဓိကကျတဲ့ ချန်ပီယံရှစ် ပြိုင်ပွဲကြီးတစ်ခုကို ပထမဆုံး လက်ခံကျင်းပခွင့် ရရှိခြင်း ဖြစ်ပါတယ်။


ယူအီးအက်ဖ်အေ အမှတ်တံဆိပ်