ယူအီးအက်ဖ်အေအာဏာပိုင်တွေဟာ ယမန်နေ့ညက ဆာဗီလာနဲ့ တော့တင်ဟမ်တို့ ကစားခဲ့တဲ့ ယူအီးအက်ဖ်အေပွဲမှာ ဖြစ်ပွားခဲ့တဲ့ အင်္ဂလိပ်ပရိသတ်တွေနဲ့ စပိန်ရဲတွေအကြား တိုက်ခိုက် မှုတွေကို စတင်စုံစမ်း နေပြီ ဖြစ်ပါတယ်။
အကြမ်းဖက်မှုဟာ အဓိကရုဏ်းနှိမ်နင်ရေး ရဲတွေက ပွဲမစခင်နဲ့ ပွဲကစားစဉ် အချိန်အတွင်းမှာ နှစ်ဖက်ပရိတ်သတ်တွေ ခိုက်ရန်ဖြစ်ပွားတာကို လူစုခွဲဖို့ ကြိုးစားရာကနေ စတင်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဆာဗီလာနဲ့ တော့တင်ဟမ်တို့ ကန်တဲ့ ပွဲကို လိုက်လံ ကြည့်ရှု အားပေးဖို့အတွက် တော့တင်ဟမ်ပရိတ်သတ် (၄,၀၀၀) နီးပါး စပိန်ကို လာရောက်ခဲ့ ပါတယ်။
အတည်မပြုရသေးတဲ့ သတင်းတွေက တော့တင်ဟမ် ပရိတ်သတ် (၇)ဦးနဲ့ ရဲတစ်ဦးတို့ကို ဆေး ရုံကို ပို့ဆောင်ခဲ့ရကြောင်း ပြောပါတယ်။
ယူအီးအက်ဖ်အေ ပြောခွင့်ရ ပုဂ္ဂိုလ် က လူစုလူဝေးနဲ့ ဖြစ်တဲ့ ဘယ် အကြမ်းဖက်မှုမဆို စုံစမ်း စစ်ဆေး ခံရမှာဖြစ်တယ် လို့ ပြောပါတယ်။
တော့တင်ဟမ်ဟာ အဖြန်မှန်တွေကို စုံစမ်းဖော်ထုတ်ဖို့အတွက် အာဏာပိုင်တွေနဲ့ အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ထား ပါတယ်။
အသင်းရဲ့ ထုတ်ပြန်ချက်မှာ “ကျနော်တို့ အစီရင်ခံစာရဲ့ အစပိုင်းမှာ ယူဆတာက ဖြစ်ရပ် တစ်ခုလုံးရဲ့ ဘယ်အဆင့်မှမဆို ပရိတ်သတ် အချင်းချင်း တိုက်ခိုက်တာကို မတွေ့ရ ပါဘူး” လို့ ရေးထား ပါတယ်။
စပိန်မှာရှိတဲ့ ဗြိတိသျှသံရုံးက “ကျနော်တို့ ယူအီးအက်ဖ်အေ အာဏာပိုင်တွေနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက် သွားမှာပါ။ စပိန် အာဏာပိုင်တွေ အနေနဲ့လည်း ဒီလို လုပ်ရပ်အပေါ်မှာ နားလည်နိုင်ပါ လိမ့်မယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဒဟူးနေ့တုန်းကလည်း ရောမမြို့မှာ ကစားတဲ့ မန်ယူနဲ့ ရိုးမားတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်မှာ မန်ယူပရိတ်သတ်တွေနဲ့ အီတလီရဲတို့အကြား အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့ ပါသေးတယ်။
|

တော့တင်ဟမ် ပရိတ်သတ်တစ်ဦးရဲ့ ခေါင်းမှ သွေးများယိုစီးနေစဉ်
|