DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူအီးအက်ဖ်အေ
ဝါဒါဘရီမင်ကွင်းလယ်လူ ဖရင်းစ် ဂျုဗီကိုပြောင်းဖို့ စဉ်းစားနေ
အေအက်ဖ်ပီ - ဧပြီ ၅၊ ၂၀၀၇

ဝါဒါဘရီမင် တိုက်စစ်မှူး တော်စတန် ဖရင်းစ်ဟာ အီတလီကလပ် ဂျုဗင်တပ်ကို ပြောင်းရွေ့ ဖို့အတွက် စဉ်းစားနေကြောင်း ယမန်နေ့က ထုတ်ဖော် ပြောဆိုလိုက် ပါတယ်။

အသက် (၃၀)နှစ်ရှိ ဖရင်းစ် က “ဂျုဗီက ကျနော့်ကို ဘယ်လောက်ပဲ ပေးရပေးရ ပေးပြီး ခေါ် ခြင်နေ ပါတယ်။ သူတို့က ကျနော့်ကို ကွင်းလယ် လူသစ်တစ်ယောက် အနေနဲ့ လိုခြင်တာ မ ဟုတ်ဘဲ ဖန်တီးရှင် တစ်ယောက် အနေနဲ့ လိုခြင်နေတာပါ” လို့ ပြောဆိုခဲ့ ပါတယ်။

“ကျနော့် အပေါ်ထားတဲ့ သူတို့ရဲ့ အယူအဆအတွက် အများကြီး စဉ်းစားနေပါတယ် ”

ဝါဒါဘရီမင် အားကစားဒါရိုက်တာ ကယ်လပ်စ်အယ်လော့စ် ကတော့ အထက်ပါ သတင်းတွေ အတွက် အံ့သြမိကြောင်း ပြောပါတယ်။

“ကျနော်တို့ဟာ ကိုယ့်ကိုယ်ကို ဖိအားတွေအောက် ရောက်အောင် သွင်းနေတဲ့ လူတွေ မဟုတ် ပါဘူး။ တကယ်လို့ ဖရင်းစ် အနေနဲ့ အသင်းမှာ ကာလကြာရှည် မကစားခြင်ရင်လည်း ကျနော့် တို့က အတင်း ဖိအားပေး ကစားခိုင်းမှာ မဟုတ်ပါဘူး လို့ အယ်လော့စ် က ပြောပါတယ်။

၎င်းက ဆက်လက်ပြီး “ကျနော်တို့ဟာ အတိတ် ကာလတွေတုန်းကလည်း ပါရီမီရှိတဲ့ ကစားသ မားတွေကို ရှာဖွရှာမှာ အောင်မြင်ခဲ့ ဖူးပါတယ်။ ကစားသမားတစ်ယောက် အပေါ်မှာ ဘယ် တုန်းကမှ မမှီခဲ့ဘူး ပါဘူ။ အသင်းဟာ ကစားသမားတွေ အားလုံးထက် ပိုပြီး အရေးကြီး ပါ တယ်” လို့ ပြောပါတယ်။

ဂျုဗင်တပ် အသင်းဟာ ယမန်နှစ် စီးရီးအေလုပ်ပွဲ ကစားတဲ့ အရှုပ်တော်ပုံမှာ အဓိက နေရာ ကနေ ပါဝင် ပက်သက်ခဲ့တဲ့ အတွက် စီးရီးဘီ တန်းဆင်း အပြစ်ဒဏ်နဲ့အတူ (၉)မှတ် အလျော ခံခဲ့ ရပါတယ်။

ဂျာမန်ကစားသမား ဖရင်းစ်ဟာ လက်ရွေးစင် အသင်းအတွက် ပွဲပေါင်း (၆၆)ပွဲ ကစားပေး ထားပြီး ၂၀၀၅မှာ ဘိုင်ယန်မြူးနစ်ကနေ ၀ါဒါဘရီမင်ကို ပြောင်းရွေ့ခဲ့ ပါတယ်။ သူ့ဟာ လ ၂၀၀၂ ကနေ ၂၀၀၄ အထိ (၂)နှစ်ကြာ ဘိုရှော့ရှား ဒေါ့ပ်မန်အသင်းမှာ ကစားခဲ့ ဖူးပြီး ၂၀၀၉ မှာ ၀ါဒါဘရီမင်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။

ဝါဒါဘရီမင် အသင်းဟာ ဂျာမန် ဘွန်ဒတ်စ်လီဂါ အမှတ်ပေးဖလားကို ၂၀၀၄ မှာ နှစ်ကြိမ် ရရှိခဲ့ဖူး ပါတယ်။ လက်ရှိ ရာသီရဲ့ အမှတ်ပေးဇယားမှာလည်း ၀ါဒါဟာ ထိပ်ဆုံးက ဦးဆောင် နေတဲ့ ရှော်ကီ ၀၄ ရဲ့ နောက်မှာ (၂)မှတ် အကွာနဲ့ ရှိနေ ပါတယ်။


ဂျာမန် ကွင်းလယ်လူ ဖရင်းစ်