DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူအီးအက်ဖ်အေ
ဂိုးတစ်ထောင် ပရောဂျက် ပြည့်ဖို့ ရိုမာရီယို (၈) ဂိုးသာ လိုအပ်
အေအက်ဖ်ပီ - မတ်လ ၂၊ ၂၀၀၇

ဘရာဇီးရဲ့ ကမ္ဘာ့ဖလား ကစားသမားဟောင်း ရိုမာရီယိုဟာ ပြည်တွင်းပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခြင်းဖြင့် စံချိန်တင်ဖို့ သတ်မှတ်ထားတဲ့ ဂိုးအရေအတွက် (၁,၀၀၀) ပြည့်ဖို့ နီးကပ်လာပြီ ဖြစ်ပါတယ်။

အသက် (၄၁)နှစ်ရှိ ရိုမာရီယိုဟာ ဗတ်စကို ဒါဂါးမားအသင်းက (၆)ဂိုး ဂိုးမရှိနဲ့ Fast Clube အသင်း ကို အနိုင်ရတဲ့ပွဲမှာ ကိုယ်တိုင် (၂)ဂိုး သွင်းယူခဲ့တဲ့ အတွက် ဂိုး (၁,၀၀၀) ပြည့်ဖို့ (၈)ဂိုး သာ လိုပါတော့တယ်။

ရိုမာရီယိုဟာ ယင်းပွဲမှာ ပထမဂိုးကို ပထမပိုင်းပြီးဖို့ (၂)မိနစ်အလိုမှာ သွင်းခဲ့ပြီး ဒုတိယဂိုးကို ဒုတိယပိုင်းမှာ သွင်းခဲ့ ပါတယ်။

ဖီဖာက အသိအမှတ် မပြုပေမယ့် ကိုယ်တိုင်ရေတွက်ပြီး သွင်းယူထားတဲ့ ရိုမာရီယိုရဲ့ လက်ရှိ ဂိုး အရေအတွက်ဟာ (၉၉၂) ဂိုး ဖြစ်ပါတယ်။

တချိန်က ဘောလုံးသူရဲကောင်း ဖြစ်ခဲ့တဲ့ ရိုမာရီယိုဟာ ၁၉၉၄ မှာ ဘရာဇီးနဲ့အတူ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရရှိခဲ့ ပါတယ်။ သူဟာ ဥရောပတိုက်မှာရှိတဲ့ ဘာစီလိုနာ၊ ဗယ်လန်စီယာနဲ့ ပီအက်စ်ဗွီ အိုင်ဟိုဗင်တို့မှာ ကစားခဲ့ ဖူးပါတယ်။


ဂိုးတစ်ထောင် ပရောဂျက်ကို အကောင်အထည်ဖော်နေတဲ့ ရိုမာရီယို