DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူအီးအက်ဖ်အေ
မန်ယူနဲ့ အမှတ်တရပွဲကစားမယ့် ဥရောပလက်ရွေးစင်အသင်းမှာ ပါဝင်ဖို့ ရော်နယ်ဒင်ဟို အတည်ပြု
ရိုက်တာ - မတ်လ ၁၊ ၂၀၀၇

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု (၂)နှစ်ကြိမ် ရဖူးတဲ့ ရော်နယ်ဒင်ဟိုက မန်ယူနိုက်တက်ရဲ့ လာမယ့် (၁၃)ရက်နေ့မှာ ပြုလုပ်မယ့် နှစ်(၅၀)ပြည့် အမှတ်တရအဖြစ် ချို့တဲ့သူများ အကူအညီပေးရေး ရံပုံငွေပွဲကို ပါဝင်ကစားမှာ ဖြစ်ကြောင်း အတည်ပြုလိုက် ပါတယ်။

ဘရာဇီး တိုက်စစ်မှူး ရော်နယ်ဒင်ဟိုဟာ ဘာစီလိုနာ အသင်းဖော်တွေဖြစ်တဲ့ ပူယိုးလ်၊ သူရမ်၊ ဇမ်ဘရော့တာတို့နဲ့ အတူ အီတလီနည်းပြဟောင်း လစ်ပီ ဦးစီးတဲ့ ဥရောပ လက်ရွေးစင် အ သင်းမှာ ကစားမှာ ဖြစ်ပါတယ်။

ရီရဲမက်ဒရစ်နဲ့ ယခင် အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ဟမ်းလည်း ဥရောပ လက်ရွေးစင်အသင်းနဲ့အတူ ပထမဆုံးအကြိမ်အဖြစ် အိုးထရက်ဖို့ဒ်ကို ပြန်လာမှာ ဖြစ်ပါတယ်။

ယင်းပွဲဟာ မန်ယူရဲ့ ဥရောပပြိုင်ပွဲတွေကို ၀င်ရောက်ယှဉ်ပြိုင်တာ နှစ် (၅၀)ပြည့် အထိမ်းအ မှတ်နဲ့အတူ ခေတ်သစ် ဥရောပမှာ ဘုံဈေးကွက်ကို ဦးဆောင် ထူထောင်နိုင်ခဲ့တဲ့ သဘော တူ စာချုပ် ချုပ်ဆိုနိုင်ခဲ့တဲ့ နှစ်ပတ်လည်အဖြစ် စီစဉ်ခြင်း ဖြစ်ပါတယ်။

“ကျနော်တို့ မန်ယူအသင်းနဲ့အတူ တဖက်အသင်းမှာ ရော်နယ်ဒင်ဟိုနဲ့ ဘက်ဟမ်းတို့ အတူ တွဲပြီး ကစားတာဟာ ရှားရှားပါးပါး တွေ့ရခဲတဲ့ အခွင့်အလမ်း ဖြစ်ပါတယ်” လို့ မန်ယူရဲ့ ဒါရိုက် တာ ဘော်ဘီ ချာလ်တန် က ပြောပါတယ်။

ယခင် အင်္ဂလန်တိုက်စစ်မှူးဟောင်း ဘော်ဘီ ချာလ်တန် က “ဒီပွဲဟာ အသင်းတစ်သင်းထဲမှာ ဥရောပရဲ့ အကောင်းဆုံး ဘောလုံးသမားတွေကို တစုတစည်းထဲနဲ့ တွေ့ရမယ့် တစ်ခုတည်း သော ရှားပါးတဲ့ အခွင့်အလမ်း ဖြစ်ပါတယ်” လို့ ထပ် ပြောပါတယ်။

ဥရောပရဲ့ လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရတဲ့ ကစားသမား စာရင်း -

ဒေးဗစ် ဘက်ဟမ်း (ရီရဲ)၊ စတီဗင် ဂျရတ် (လီဗာပူး)၊ ကာရေဂါ (လီဗာပူး)၊ အဘီဒယ်၊ ကာပက်၊ ဂျုနင်ဟို (လိုင်ယွန်)၊ ရော်နယ်ဒင်ဟို၊ ပူယိုးလ်၊ ဇမ်ဘရော့တာ၊ သူရမ် (ဘာစီလိုနာ)


ဘာစီလိုနာ တိုက်စစ်မှူး ရော်နယ်ဒင်ဟို