DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
မြန်မာ့အားကစား
ဘရူနိုင်း ယူ (၂၁) အာစီယံလူငယ် ချန်ပီယံရှစ်ပြိုင်ပွဲမှာ ထိုင်းက မြန်မာကို ပင်နယ်တီ အဆုံးအဖြတ် (၅ - ၄)နဲ့ အနိုင်ရဗိုလ်စွဲ
အေဂျင်စီသတင်းများ - မတ်လ ၁၃၊ ၂၀၀၇

ဘရူနိုင်းနိုင်ငံမှာ ယမန်နေ့က ကျင်းပပြီးစီးခဲ့တဲ့ အာစီယံ ယူ (၂၁) လူငယ်ချန်ပီယံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ ထိုင်းအသင်းက မြန်မာအသင်းကို ပင်နယ်တီ အဆုံးအဖြတ် (၅ - ၄)နဲ့ အနိုင်ရပြီး ချန်ပီယံ သရဖူကို ကာကွယ်နိုင်ခဲ့ပါတယ်။

ထိုင်းအသင်းဟာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့အတွက် ဆုကြေးငွေ ဒေါ်လာ (၂၀,၀၀၀) ရရှိပြီး ဒုတိယရတဲ့ မြန်မာလူငယ်အသင်းက ဆုကြေးငွေ ဒေါ်လာ (၁၀,၀၀၀) ရရှိပါတယ်။

ယင်းပွဲမှာ မြန်မာအသင်းဟာ တစ်ယောက် အထုတ်ခံရတဲ့အတွက် (၁၀)ယောက်တည်းနဲ့ အချိန်ပို မိနစ်တွေအထိ ထိုင်းအသင်းကို တောင့်ခံ ကစားနိုင်ခဲ့ပါတယ်။ သို့ပေမယ့် ပင်နယ်တီ အဆုံးအဖြတ်မှာ နောက်ဆုံး ကန်သွင်းတဲ့ ဂိုး လွဲချော်တဲ့အတွက် ထိုင်းကို အရှုံးပေးခဲ့ရခြင်း ဖြစ်ပါတယ်။

ပွဲအပြီးမှာ မြန်မာယူ (၂၁) လူငယ်အသင်းနည်းပြ ဦးမောင်ဝင်း က “ကျနော်တို့ ကစားသမား တွေဟာ ခက်ခက်ခဲခဲနဲ့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားခဲ့ ပါတယ်။ ဒါပေမယ့် ပင်နယ်တီမှာ ကံခေခဲ့ ပါတယ်” လို့ ပြောပါတယ်။

မြန်မာအသင်း မန်နေဂျာ ဦးစိုးမြင့် က “ကျနော်တို့ ထိုင်းကို အနိုင်ယူ နိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ကစားသမားတွေရဲ့ ကစားပုံဟာ ရိုးစင်ပြီး နည်းစနစ်ပိုင်းကိုပဲ အားကိုး ခဲ့ပါတယ်။ အားလုံး ကစားတာ ကောင်းပေမယ့် ပင်နယ်တီမှာ ကျနော်တို့ ကံဆိုးခဲ့ ပါတယ်” လို့ ပြောပါ တယ်။

ထိုင်းအသင်း မန်နေဂျာ က “မြန်မာအသင်း ကစားပုံဟာ နည်းစနစ်ပိုင်းမှာ ကျနော်တို့ အသင်း နဲ့ ယှဉ်ရင် ကောင်းပါတယ်။ ဒီည အောင်ပွဲဟာ ကျနော်တို့ရဲ့ နှစ်ကြိမ်မြောက် အောင်ပွဲ ဆင်နိုင် ခြင်း ဖြစ်ပါတယ်။ အနာဂတ်မှာလည်း ဆက်ပြီး အောင်ပွဲခံနိုင်အောင် ကြိုးစားမှာပါ” လို့ ပြော ပါတယ်။

မြန်မာအသင်း အုပ်စု ပွဲစဉ်အတွင်းမှာ အိမ်ရှင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအိုတို့နဲ့ တစ်အုပ် စုတည်း ကျပါတယ်။ အုပ်စုတွင်း ပွဲစဉ် (၃)ပွဲစလုံး အနိုင်ရပြီး ရမှတ် (၉)နဲ့ အုပ်စုဗိုလ် ဖြစ်ခဲ့ ပါတယ်။ ဆီမီးဖိုင်နယ်မှာ တဖက်အုပ်စုက အုပ်စုဒုတိယ ဖြစ်တဲ့ မလေးရှားကို (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ ပါတယ်။

ထိုင်းအသင်းဟာ မလေးရှား၊ ဗီယက်နမ်၊ စင်္ကာပူတို့နဲ့ တစ်အုပ်စုတည်းကျပြီး (၃) ကစား (၃)ပွဲ စလုံး နိုင်ကာ အုပ်စုဗိုလ် ဖြစ်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာ ကမ္ဘောဒီးယားကို (၁၀)ဂိုး (၁)ဂိုးနဲ့ အနိုင်ရခဲ့ ပါတယ်။

အာစီယံ ယူ (၂၁) ပြိုင်ပွဲရဲ့ ဂိုးအများဆုံးသွင်းတဲ့ ကစားသမားကတော့ မြန်မာအသင်းက စည်သူသန်း ဖြစ်ပြီး ပွဲစဉ်တလျှောက် စုစုပေါင်း (၅)ဂိုး သွင်းခဲ့ ပါတယ်။

အာစီယံ ယူ (၂၁)ပြိုင်ပွဲကို အာစီယံဘောလုံးအဖွဲ့ချုပ်ရဲ့ ကူညီပံ့ပိုးမှုနဲ့ ၂၀၀၂ ကနေ စပြီး (၂) နှစ် တကြိမ် ကျင်းပခဲ့ ပါတယ်။ ယခုနှစ်ပြိုင်ပွဲကို မတ်လ (၃)ရက်နေ့ကနေ (၁၂)ရက်နေ့ အထိ ကျင်းပခဲ့ ပါတယ်။

လက်ရှိ အာစီယံ ယူ (၂၁) ချန်ပီယံရှစ် ပြိုင်ပွဲရဲ့ ချန်ပီယံကတော့ ထိုင်းအသင်း ဖြစ်ပါတယ်။


ချန်ပီယံဆုဖလားနဲ့ ထိုင်းယူ (၂၁) အသင်း အောင်ပွဲခံ နေစဉ်