လက်ဆက်စတာအသင်းရဲ့ ဥက္ကဌသစ် မီလန်မန်ဒရစ် က ဘက်ဟမ်း လော့စ်အိန်ဂျလိကလပ် ဂလက်စ်ီကို ပြောင်းရွေ့သွားရုံနဲ့ ဘောလုံးအားကစားဟာ အမေရိကန်မှာ ထင်ပေါ် ကျော်ကြားသွားမှာမဟုတ်ကြောင်း ပြောဆိုလိုက် ပါတယ်။
ချန်ပီယံရှစ်တန်း လက်ဆက်စတာအသင်းရဲ့ ဥက္ကဌ မန်ဒရစ်ဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေက အမေရိကန်မြောက်ပိုင်း ဘောလုံးအဖွဲ့ချုပ်မှာ ပါဝင်ခဲ့ဖူး ပါတယ်။
“လူတစ်ယောက်တည်းကနေ သန်းပေါင်း (၃၀၀)လောက်ရှိတဲ့ လူတွေကို ပြောင်းလဲ အောင် ဘယ်လိုလုပ်နိုင်မှာလဲ။ အမေရိ ကန်တွေ သူတို့ အားကစား ရွေးချယ် ထားတဲ့အထဲမှာ ဘောလုံးမပါ ပါဘူး။” လို့ မန်ဒရစ်က ပြောပါတယ်။
ယခင် ပို့စ်မောက် ဥက္ကဌဟောင်းဟာ ၁၉၇၀ ပြည့်လွန် နှစ်တွေက ဆန် ဂျိုစီ ငလျင်လှုပ်ခဲ့စဉ် ကာလတွေတုန်းက မန်ယူ ဘောလုံးအကျော်အမော် ဘက်စ်၊ ပီလီ တို့နဲ့အတူ မြောက်အမေ ရိကန် ဘောလုံးအဖွဲ့ချုပ်မှာ ပါဝင် ကစားခဲ့ကြ ပါတယ်။
“ကျနော်တို့ ခြေစွမ်းထက်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် (၃၀)ကျော်တုန်းကလည်း အမေရိကန်မှာ ဘော လုံး အားကကစားကို ထွန်းတောက်အောင် လုပ်ဆောင်ခဲ့ပြီးပါပြီ”
၎င်းက ဆက်လက်ပြီး “ကျနော်တို့အနေနဲ့ ဘက်ဟမ်းရဲ့ ကြိုးစားမှုကို တန်ဖိုးထား ပါတယ်။ သူဟာ ကြီးကျယ်တဲ့ အားကစားသမား တစ်ယောက်နဲ့ ဘောလုံးသမားကောင်း တစ်ယောက် ဖြစ်ပါတယ်။ ကျနော်တို့မှာ ဘက်ဟမ်းထက် ပိုကောင်းတဲ့ ပီလီ၊ ဘက်ကင်ဘောင်ဝါနဲ့ ဂျော့ ဘက်စ်တို့လို လူတွေတောင် ကြိုးစားတာ မအောင်မြင်ပါဘူး” လို့ ပြောပါတယ်။ |