DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူအီးအက်ဖ်အေ
ချန်ပီယံလိဂ်မှာ ခြေစွမ်းပြနိုင်တဲ့ ဟာ့ဂဗေး အင်္ဂလန်အတွက် ပြန်လည်ခေါ်ယူခြင်းခံရ
အေအက်ဖ်ပီ - ဖေဖေါ်ဝါရီ ၂၃၊ ၂၀၀၇

ဒဏ်ရာကြောင့် ကာလကြာရှည် အနားယူခဲ့ရတဲ့ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ အိုဝင်ဟာ့ဂဗေးဟာ ရီရဲမက်ဒရစ်နဲ့ ကစားတဲ့ ချန်ပီယံလိဂ်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့အတွက် အင်္ဂလန်နည်းပြ မက္ကလာရင်က လက်ရွေးစင်အသင်းအတွက် ပြန်လည် ခေါ်ယူခဲ့ ပါတယ်။

အင်္ဂလန်နည်းပြ က “ဟာ့ဂဗေး ပြီးခဲ့တဲ့ ၂၀၀၆ ကမ္ဘာ့ဖလား အင်္ဂလန်အသင်းမှာ ခြေစွမ်းပြ နိုင်တဲ့ ကစားသမား နဲနဲလေးထဲက တစ်ယောက် ဖြစ်ပါတယ်။ သူ့အနေနဲ့ မတ်လမှာ အစ္စရေး၊ အင်ဒိုရာတို့နဲ့ ကန်မယ့်ပွဲမှာ အဓိက ကစားသမားတစ်ယောက် ဖြစ်လာပါ လိမ့်မယ်” လို့ ထုတ် ဖော်ခဲ့ ပါတယ်။

ကွင်းလယ်လူ ဟာ့ဂဗေးဟာ ခြေထောက်ကျိုးတဲ့ ဒဏ်ရာကြောင့် လ အတော်ကြာ အနားယူခဲ့ ရပြီး အင်္ဂလန်အသင်း နောက်ဆုံးကစားခဲ့တဲ့ (၄)ပွဲမှာ ပါဝင်နိုင်ခြင်း မရှိပါဘူး။

“အင်္ဂါနေ့ညက သူကစားတဲ့ ခြေစွမ်းကို ခင်များတို့ မြင်မှာပါ။ သူ့ရဲ့ ကစားအား၊ တစ်ကွင်းလုံး လိုက်ကစားတာ၊ လူကပ် ကစားတာနဲ့ ခံစစ် ကစားတာနဲ့ တိုက်စစ် လိုက်ကစားတာတွေဟာ မယုံကြည်နိုင်လောက်အောင် ပါပဲ” လို့ မက္ကလာရင် က ချီးမွမ်း ပါတယ်။


ရီရဲနဲ့ ပွဲက ဘိုင်ယန် ကွင်းလယ်လူ ဟာ့ဂဗေးရဲ့ ကစားဟန်