ယူအီးအက်ဖ်အေ ဘောလုံးအဖွဲ့ချုပ်ဟာ ယမန်နေ့ညက လိုင်လီ ကစားတဲ့ ချန်ပီယံလိဂ်ပွဲမှာ ဖြစ်ပျက်ခဲ့တဲ့ နှစ်ဖက် ပရိတ်သတ်တွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်မှုမှာ ပါဝင်တဲ့ မန်ယူပရိတ် သတ်တွေကို တရားဝင် စတင် စုံစမ်း စစ်ဆေးနေပြီ ဖြစ်ပါတယ်။
မန်ယူ ပရိတ်သတ်တွေဟာ (၁၀)ပေ လောက် အမြင့်ရှိတဲ့ သံဇကာစည်းရိုး တွန်းလှဲဖို့ ကြိုးစား ခဲ့ပြီး အဲဒီအထဲက နှစ်ယောက်ဟာ စည်းရိုးပေါ်တက်စဉ် လုံခြုံရေးအတွက် ဆွဲချခြင်း ခံခဲ့ရ ပါတယ်။
အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေဟာ သံဇကာစည်းရိုးပေါ်ကို ကျော်တက်ဖို့ ကြိုးစားတဲ့ မန်ယူပရိတ်သတ်တွေကို မျက်ရည်ယိုဗုံးတွေ သုံးပြီး နှိမ်နှင်းခဲ့ ပါတယ်။ မျက်ရည်ယို ဗုံးဒဏ်ကြောင့် မန်ယူ ဂိုးသမား ဗန်ဒါဆားလည်း အမြင်အာရုံ မကြည်မလင်ဖြစ်တဲ့ ဝေဒနာကို ခံစားခဲ့ ရပါ တယ်။
ယူအီးအက်ဖ်အေဟာ အဖွဲ့ရဲ့ အိမ်ရှင်အသင်းအနေနဲ့ သတ်မှတ်ထားတဲ့ လုံခြုံရေးဆိုင်ရာ ညွန် ကြားချက်တွေနဲ့ အညီ အကြမ်းဖက်မှု ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းတွေကို စတင် စုံစမ်းနေ ပါ တယ်။
အကြမ်းဖက်မှု ဖြစ်ပေါ်စေပြီး မသင့်လျော်တဲ့ အပြုအမူတွေကို ကျုးလွန်ခဲ့တဲ့ လို့ စွပ်စွဲခံရတဲ့ နှစ်ဖက်အသင်း ပရိတ်သတ်တွေကိုလည်း စုံစမ်း စစ်ဆေးသွားမှာ ဖြစ်ကြောင်း ယူအီးအက်ဖ် အေရဲ့ ထုတ်ပြန်ချက် ရေးထား ပါတယ်။
ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းထိမ်းသိမ်းရေးအဖွဲ့ဟာ ယင်းအဖြစ်အပျက်အတွက် လိုအပ်တဲ့ ဆောင်ရွက်မှုတွေ ပြုလုပ်နိုင်အောင် လာမယ့် မတ်လ (၂၂)ရက်နေ့မှာ ဆွေးနွေးမှုတွေ ပြုလုပ် မှာ ဖြစ်ပါတယ်။
ပြင်သစ်ရဲတွေရဲ့ ကိုင်တွယ်ပုံအပေါ်မှာ မကျေမနပ် ဖြစ်နေတဲ့ မန်ယူ ပရိတ်သတ်တစ်ဦးက “လိုင်လီ ပရိတ်သတ်တွေဟာ မန်ယူ ကစားသမားတွေကို အကြွေစေ့တွေ၊ ပစ္စည်းမျိုးစုံနဲ့ ပစ် ပေါက်ခဲ့ပေမယ့် ရဲတွေက လုံးဝ အရေးယူခြင်း မလုပ်ပါဘူး” လို့ ထောက်ပြ ပါတယ်။
နှစ်ဖက်အသင်း ပရိတ်သတ်တွေကြားမှာ ပေါ်ပေါက်ခဲ့တဲ့ ရုန်းရင်းဆန်ခတ် ဖြစ်မှုဟာ မန်ယူ အသင်းဟာ လိုင်လီကစားသမားတွေ အဆင့်သင့်မဖြစ်မီမှာ ဖရီးကစ် ကန်သွင်းပြီး ဂိုးယူခဲ့တာကို ကွင်းလယ်ဒိုင်က ခွင့်ပြုခဲ့အပြီးမှာ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါတယ်။
|