DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူအီးအက်ဖ်အေ
ဘောလုံးလောက ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ယူအီးအက်ဖ်အေဥက္ကဌသစ် ပလာတီနဲ့ ဖီဖာဥက္ကဌ ဘတ်တ္တလာတို့ တွေ့ဆုံ
ရိုက်တာ - ဖေဖေါ်ဝါရီ ၁၆၊ ၂၀၀၇

ဖီဖာဥက္ကဌ ဆပ်ဘတ္တလာဟာ ပြီးခဲ့တဲ့လက ယူအီးအက်ဖ်အေ ဘောလုံအဖွဲ့ချုပ်ရဲ့ ဥက္ကဌအဖြစ် တင်မြှောက်ခံရတဲ့ ပြင်သစ်လူမျိုး မိုက်ကယ် ပလာတီနီနဲ့ ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံခဲ့ ပါတယ်။

နှစ်ဖက် ပူးတွဲထုတ်ပြန်တဲ့ ယမန်နေ့က ကြေညာချက်မှာ “တွေ့ဆုံဆွေးနေစဉ် အတွင်းမှာ လတ်တလော စိုးရိမ်ပူပန်မိတဲ့ ကစားသမားတွေရဲ့ အေးဂျင့်တွေ ကိစ္စ၊ ကလပ်တွေ အာမခံကိစ္စ၊ ကစားသမားတွေရဲ့ လက်ရွေးစင်တာဝန်နဲ့ ကလပ်တွေအနေနဲ့ စေလွှတ်နိုင်ရေး တို့ကို အဓိကထား ဆွေးနွေးခဲ့ပါတယ်” လို့ ရေးသားထား ပါတယ်။

အထူးသဖြင့် ဘတ္တလာနဲ့ ပလာတီနီတို့ဟာ လာမယ့် ဒီဇင်ဘာ ၂၀၀၇မှာ ဖီဖာရဲ့ ကမ္ဘာ့ကလပ်အသင်းများရဲ့ ပြိုင်ပွဲနဲ့ ယူအီးအက်ဖ်အေပြိုင်ပွဲရဲ့ အုပ်စုနောက်ဆုံးအဆင့် ပွဲစဉ်တွေ တိုက်ဆိုင်နေမှု အပေါ်မှာ ဆွေးနွေးခဲ့ကြပါတယ်။ နှစ်ဖက်စလုံးက အဆိုပြုချက် နှစ်ရပ်ကို အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် ပြဿနာတွေကို ဖြေရှင်းဖို့ သဘောတူခဲ့ကြပြီး အသေးစိတ်ကိုတော့ ထုတ်ပြောခြင်း မရှိပါဘူး။

ရေရှည် စီမံချက်နဲ့ ပက်သက်လို့ ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့ရဲ့ ပူးတွဲ ထုတ်ပြန်ချက်မှာ “နှစ် ဖက် အဖွဲ့ကြားမှာ ပူးတွဲ ကော်မတီတရပ် ဖွဲ့စည်းပြီး နိုင်ငံတကာ ပြိုင်ပွဲတွေကို ၂၀၁၄ အထိ အစီ အစဉ် တကျ ရေးဆွဲနိုင်ဖို့ သဘောတူခဲ့ ပါတယ်”

ဖီဖာ ဥက္ကဌ ဆာဘတ္တလာက “ဖီဖာအနေနဲ့ အားကစား ပေါ်လစီတွေနဲ့ ပက်သက်လို့ ယူအီး အက်ဖ်အေရဲ့ တိုက်ရိုက် ပူးပေါင်းဆောင်ရွက်မှု မရှိရင် အလုပ်ဖြစ်ဖို့ မလွယ်ပါဘူး။ ကျနော်တို့ ကြားမှာ အမြဲတမ်း တူညီတဲ့ အယူအဆတွေတော့ ရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် တူညီတဲ့ ချဉ်း ကပ်မှုတော့ ရှိမှာပါ” လို့ ပြောဆိုခဲ့ ပါတယ်။

ယူအီးအက်ဖ်အေ ဥက္ကဌသစ် ပလာတီနီက “ဘောလုံး အားကစားမှာ စစ်မှန်တဲ့ တန်းဖိုးတွေကို မြှင့်တင်ပေးဖို့နဲ့ ဘောလုံးအားကစား တိုးတက်ဖွံ့ဖြိုးဖို့အတွက် အတူတကွ အလုပ်လုပ်ရ ပါ မယ်။ ကျနော်တို့တွေ အမြဲတမ်း သဘောထား တူညီမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရည်မှန်းချက်ကတော့ အတူတူပါပဲ” လို့ ထပ်ပြောပါတယ်။


ယူအီးအက်ဖ်အေဥက္ကဌပလာတီနီ (၀ဲ)နဲ့ ဖီဖာဥက္ကဌ ဆပ်ဘတ္တလာ (ယာ)