DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူအီးအက်ဖ်အေ
ဆွစ်ဇာလန်ကို နိုင်တဲ့ ခြေစမ်းပွဲမှာ ဂျာမန်အသင်းခေါင်းဆောင်ဘာလက် ဒဏ်ရာရ
ဘီဘီစီ - ဖေဖေါ်ဝါရီ ၈၊ ၂၀၀၇

ကွင်းလယ်လူ မိုက်ကယ်ဘာလက်ဟာ ယမန်နေ့က ခြေစမ်းပွဲစဉ်ဖြစ်တဲ့ ဂျာမဏီက ဆွစ်ဇာ လန်ကို (၃)ဂိုး (၁)ဂိုးနဲ့ နိုင်တဲ့ပွဲမှာ ပေါင်ခြံဒဏ်ရာ ရခဲ့ပြီး ဆက်မကစားနိုင်ဘဲ ဖြစ်ခဲ့ ပါတယ်။

ချဲလ်ဆီး ကွင်းလယ် ဖန်တီးရှင် ဘာလက်ဟာ ဂျာမဏီအသင်းအတွက်ကစားနေစဉ် ပထမပိုင်းပြီးဖို့ တစ်မိနစ်အလိုမှာ ညာဖက်ပေါင်ခြံ ဒဏ်ရာရခဲ့လို့ ဒုတိယပိုင်းမှာ ဆက်မကစားနိုင်ခဲ့ပါဘူး။

“ဒါဟာ သေချာပေါက် အကြောတင်တဲ့ ဒဏ်ရာလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် စိုးရိမ်းစရာ ကောင်းတဲ့ အခြေအနေမျိုး မရှိဘူးလို့တော့ မျှော်လင့်ပါတယ်” လို့ ဂျာမဏီအသင်း ခေါင်း ဆောင် ဘာလက် က ပြောပါတယ်။

အသက် (၂၉)နှစ်ရှိ ဘာလက် က “ကျနော်တို့ အနေနဲ့ ဒဏ်ရာရဲ့ အခြေအနေကို နောက်ထပ် ရက် အနည်းငယ် လောက်တော့ စောင့်ကြည့်ရ မှာပါ။ ဒီ တစ်ရာသီလုံး ဒဏ်ရာကင်းကင်းနဲ့ သွားနေတဲ့ ကျနော်အတွက် အခုဟာက စိတ်အနှောက်အယှက် ဖြစ်စရာပါပဲ” လို့ ထပ် ပြော ပါတယ်။

ချဲလ်ဆီးဟာ လာမယ့် အပတ်မှာ မစ်ဒယ်ဘရော့အသင်းနဲ့ အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ဘာလက်ဟာ ချဲလ်ဆီးကို ပြီးခဲ့တဲ့ နွေရာသီက ဘိုင်ယန်ကနေ အလွတ်ပြောင်းရွေ့ကြေးနဲ့ ရောက်ရှိခဲ့ပါတယ်။


ဒဏ်ရာကြောင့် ကွင်းအပြင် ထွက်သွားရတဲ့ ဘာလက်