DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူအီးအက်ဖ်အေ
စပိန်ကိုရှုံးတာ လူမစုံလို့ပါလို့ အင်္ဂလန်နည်းပြမက္ကလာရင် ဆင်ခြေပေးပြီး ကစားသမားတွေကို သတိပေး
ဘီဘီစီ - ဖေဖေါ်ဝါရီ ၈၊ ၂၀၀၇

အင်္ဂလန်နည်းပြ မက္ကလာရင်က ယမန်နေ့ညက ခြေစမ်းပွဲမှာ စပိန်ကို ရှုံးရခြင်းဟာ အသင်းရဲ့ အဓိကကျတဲ့ ကစားသမားတွေ မပါဝင်လို့ ဖြစ်ကြောင်း ဆင်ခြေပေးပါတယ်။

“အသင်းမှာအားထားရတဲ့ ကစားသမားတွေ မပါတိုင်း ကစားရတာ ခက်ခဲလေ့ရှိပါတယ်။ ဒါ ပေမယ့် အဲဒီကနေ ကျနော်တို့ သင်ခန်းစာ ယူပြီး အသင်းအတွက် ပြန်လည် ပြင်ဆင်နိုင်မှာပါ” လို့ မက္ကလာရင်က ပြောပါတယ်။

နည်းပြသစ် မက္ကလာရင်က “ကျနော်တို့အသင်းမှာ အားထားရတဲ့ ကစားသမားတ၀က်လောက် မပါဝင်နိုင်ပါဘူး။ အိုဝင်ဟာ့ဂဗေး၊ ရွန်နီနဲ့ တယ်ရီတို့လို ကစားသမားမျိုးတွေ မပါဘဲနဲ့ ဒီလို ပွဲကြီးမျိုးကို အနိုင်ရဖို့ မလွယ်ပါဘူး။” လို့ ထပ် ပြောပါတယ်။

“ကျနော်တို့ အနေနဲ့ အရှုံးကို လက်မခံခြင် ပါဘူး။ ဒါပေမယ့် အဓိကကျတာက အစ္စရေးနဲ့ က စားမယ့် ခြေစစ်ပွဲအတွက် အသင်းကို ကြိုတင်ပြင်ဆင်နိုင်ဖို့က လိုရင်း ဖြစ်ပါတယ်”

တဆက်တည်းမှာပင် မက္ကလာရင်က အသင်းသားတွေရဲ့ ကစားပုံနဲ့ ပက်သက်ပြီး စိတ်ပျက်မိကြောင်း၊ သူတို့ ကစားပုံဟာ ပုံမှန်ခြေထက် တဆင့် နိမ့်နေကြောင်း ပြောပါတယ်။ ဒါ့အပြင် တိုက်စစ်မှာ ပီတာ ခရောက်ခ်ျနဲ့ ရိုက် ဖိလစ်တို့ရဲ့အတွဲဟာ အတွဲမမိဘဲ ရုန်းကန်နေရ ကြောင်း ၀န်ခံထား ပါတယ်။

ယင်းပွဲမှာ ကွင်းလယ် ဖန်တီးရှင် လမ်းပတ်လည်း အကောင်းဆုံး ပံ့ပိုးနိုင်ခဲ့ခြင်း မရှိသလို အင်္ဂလန်ရဲ့ နောက်ဆုံး (၄)ပွဲ စလုံး ခြေစွမ်းပြနိုင်ခဲ့ခြင်း မရှိပါဘူး။

အသင်းသားတွေ ခြေစွမ်းမပြနိုင်မှုနဲ့ ပက်သက်လို့ မက္ကလာရင်က သူတို့တတွေ ကျနော်ကို နာမည်ပျက် လုပ်နေတယ်လို့တော့ မခံစားရကြောင်း ထပ် ပြောပါတယ်။

အုပ်စု (E) ရဲ့ တတိယနေရာမှာ ရှိနေတဲ့ အင်္ဂလန်ဟာ လာမယ့် မတ်လ (၂၄)ရက်နေ့မှာ အစ္စ ရေးအသင်းနဲ့ ယူရိုခြေစစ်ပွဲ အုပ်စုပွဲ ကစားရမှာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ နည်းပြသစ်မက္ကလာရင်ရဲ့ လက်ထက် နောက်ဆုံး ကစားခဲ့တဲ့ (၄)ပွဲမှာ နိုင်ပွဲ တစ်ပွဲမှ မရရှိသေးပါဘူး။


အသင်း ကစားပုံအား ကွပ်ကဲနေတဲ့ မက္ကလာရင်(၀ဲ)နဲ့ စပိန်နည်းပြ အားဂိုးနက်စ် (ယာ)