ယခုနှစ် ၀င်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ဆုကြေးငွေကို အမျိုးသားနဲ့ အမျိုးသမီးကို တန်တူပေးအပ်မှာ ဖြစ်ကြောင်း အင်္ဂလန် ကလပ်အသင်းတွေရဲ့ ဥက္ကဌ တင် ဖီလစ်က ပြောဆိုလိုက် ပါတယ်။
“ကော်မတီက ဒီနှစ်မှာ ဆုကြေးငွေကို အချိန်ကိုက်ပဲ တန်းတူပေးအပ်ဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်။ ဒါတွေဟာ ပြိုင်ပွဲကို ရေရှည် တိုးတက်ပြီး တည်တန့် စေပါတယ်။” လို့ ဖီလစ် က သတင်း စာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ဝင်ဘယ်ဒန်ပြိုင်ပွဲဟာ မူလ အစဉ်အလာတွေကို ချိုးဖျက်ပြီး ယူအက်စ် အိုးပင်းနဲ့ သြစတြေး လျအိုးပင်းတို့လို ပြိုင်ပွဲတွေရဲ့ အဆင့်တိုင်းမှာ ဆုကြေးငွေကို တန်းတူပေးအပ်ခဲ့ခြင်း ဖြစ်ပါ တယ်။
၂၀၀၇ ချန်ပီယံဆုအတွက် ဆုကြေးငွေ ပဏာမ ကိုတော့ လာမယ့် ဧပြီလထဲမှာ တရားဝင် ကြေ ညာမှာ ဖြစ်ပါတယ်။
ဝင်ဘယ်ဒန်ပြိုင်ပွဲဟာ ဆုကြေးငွေ ပေးအပ်ရာမှာ အမျိုးသားနဲ့ အမျိုးသမီး တန်းတူရည်တူ ပေးအပ်ခြင်း မရှိတဲ့အတွက် နှစ်အတော်ကြာ လူအများရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရ ပါတယ်။
ယမန်နှစ် ၀င်ဘယ်ဒန် အမျိုးသား ချန်ပီယံ ရော်ဂျာ ဖာဒါရာဟာ ဆုကြေးငွေ ပေါင် (၆၅၅,၀၀၀) ရရှိခဲ့ပြီး အမျိုးသမီး ချန်ပီယံ အမ်မလီ မာရီရက်စ်မိုက ဆုကြေးငွေ ပေါင် (၆၂၅,၀၀၀) သာ ရရှိ ပါတယ်။
အစောပိုင်းကာလတွေက အင်္ဂလန်ကလပ်အသင်း တော်တော်များများဟာ ဆုကြေးငွေ ကွာဟ မှုနဲ့ ပက်သက်လို့ အမျိုးသမီးတွေအနေနဲ့ ပြိုင်ပွဲမှာ (၃)ပွဲသာ ယှဉ်ပြိုင်ရပြီး အမျိုးသားတွေက (၅)ပွဲအထိ ယှဉ်ပြိုင်ရတဲ့အတွက် ပိုပေးရခြင်း ဖြစ်ကြောင်း ကာကွယ် ပြောဆိုခဲ့ ပါတယ်။
ပြင်သစ် အိုးပင်းပြိုင်ပွဲဟာ ယမန်နှစ် ၂၀၀၆ က စပြီး အမျိုးသားနဲ့ အမျိုးသမီးပြိုင်ပွဲတွေမှာ ဆု ကြေးငွေကို တန်းတူ သတ်မှတ်ခဲ့ပေမယ့် အဆင့်တိုင်းမှာတော့ တန်းတူ မသတ်မှတ်သေး ပါဘူး။
ဥက္ကဌ ဖိလစ်က “၀င်ဘယ်ဒန်ပြိုင်ပွဲရဲ့ အားပေးသူ ပရိတ်သတ် (၅၅)ရာခိုင်နူန်းဟာ အမျိုးသမီး တွေ ဖြစ်တဲ့အတွက် ယခုလို ဆုကြေးငွေ တန်းတူသတ်မှတ်ခြင်းဟာ သူတို့ကို အလိုအ လျောက် ဆွဲဆောင်ပြီးသား ဖြစ်သွားလိမ့်မယ်” လို့ ထောက်ပြ ပါတယ်။
|