DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
တင်းနစ်
တင်းနစ်လောကမှာ နောက်ထပ် (၅)နှစ် စိုးမိုးနိုင်ဖို့ ပြင်ဆင်နေကြောင်း ဖာဒါရာ ပြောဆို
ရိုက်တာ - ဖေဖေါ်ဝါရီ ၅၊ ၂၀၀၇

ပူပူနွေးနွေး သြစတြေးလျအိုးပင်းချန်ပီယံ ကမ္ဘာ့နံပါတ်ဝမ်း တင်းနစ် အကျော်အမော် ရော်ဂျာဖာဒါရာကဟာ တင်းနစ်လောကမှာ နောက်ထပ် အနည်းဆုံး (၅)နှစ်လောက် စိုးမိုးနိုင်ဖို့အတွက် ပြင်ဆင်နေပါတယ်။

“ကျနော်ရဲ့ ပြိုင်ဖက်တွေနဲ့ တင်းနစ်ကွင်းထဲမှာ ယှဉ်ပြိုင် ကစားရတာကို နှစ်သက်ပါတယ်။ လေ့ကျင့်ရေး လုပ်ရတာဟာလည်း ပျော်စရာကောင်းပါတယ်” လို့ ဆွစ်သား ဖာဒါရာက ယူအေအီးကို ရောက်ရှိနေစဉ် ပြောဆိုလိုက် ပါတယ်။

အသက် (၂၅)နှစ်ရှိ ဖာဒါရာက “ပရိတ်သတ်တွေရဲ့ ရှေ့မှာ ကစားရတာ ပျော်စရာကောင်းပါတယ်။ နောက်ပြီး သူတို့ရဲ့ အားပေးတဲ့ လက်ခုပ်သံတွေဟာ ကျနော့်ကို နောက်ထပ် အနည်းဆုံး (၅)နှစ်လောက် တင်းနစ်မှာအောင်မြင်ဖို့အတွက် တွန်းအား ဖြစ်စေပါတယ်” လို့ ပြောပါ တယ်။

ယခုအခါမှာ ၀င်ဘယ်ဒန် ချန်ပီယံ (၄)နှစ်ဆက်တိုက် ရထားတဲ့ ဖာဒါရာဟာ ၁၉၇၆ ကနေ ၁၉၈၀ အထိ ၀င်ဘယ်ဒန်ပြိုင်ပွဲမှာ (၅)ကြိမ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ ဆွီဒင်က ဘီဂျွန် ဘော့က်ရဲ့ စံချိန်ကို ပြည့်မီဖို့ တစ်ကြိမ်သာ လိုပါတော့တယ်။

“ကျနော် မျှော်မှန်းထားတဲ့ ဘော့က် ရဲ့ (၅)နှစ် ဆက်တိုက် ချန်ပီယံ စံချိန်ကို မီဖို့ အိမ်မက် တွေဟာ မကြာခင်မှာ တကယ် ဖြစ်လာတော့မှာပါ” လို့ ဖာဒါရာက ဒူဘိုင်းကို အာစင်နယ် တိုက်စစ်မှူး ဟင်နရီ၊ ဂေါက်သီးစတား တိုက်ဂါး ၀ုတ်တို့နဲ့အတူ ဂျဲလက် ကြော်ငြာရိုက်ကူးဖို့ ရောက်ရှိနေစဉ် ပြောလိုက် ပါတယ်။

“ကျနော့်ရဲ့ နောက်ထပ် အကြီးမားဆုံး ပစ်မှတ်ဟာ ပြင်သစ် အိုးပင်း ဖြစ်ပါတယ်။ တကယ်လို့ ဒီပြိုင်ပွဲကို ကျနော် နိုင်ရင် အဓိပ္ပါယ်က (၄)ခုမြောက် ဂရင်းစလင်း ပြိုင်ပွဲကို အနိုင်ရခြင်းပဲ ဖြစ် ပါတယ်” လို့ ပြင်သစ် အိုးပင်း ချန်ပီယံဆုကို တစ်ခါမှ မရဖူးသေးတဲ့ ဖာဒါရာက ပြောပါတယ်။

ဖာဒါရာဟာ လက်ရှိမှာ ဂရင်းစလင်း ချန်ပီယံဆု (၁၀)ခု ရရှိထားပြီး ၀ယ်ဘယ်ဒန် (၂၀၀၃ - ၀၆) အထိ (၄)ကြိမ်၊ ယူအက်စ် အိုးပင်း (၃)ကြိမ်နဲ့ သြစတြေးလျ အိုးပင်း (၃)ကြိမ်တို့ ဖြစ်ပါတယ်။


မဲလ်ဘုန်းမြို့နောက်ခံ သြစတြေးလျ အိုးပင်း ချန်ပီယံဆုနဲ့ ဖာဒါရာ