DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
ချင်းမိုင်မြို့က ရံပုံငွေရှာဖွေရေး ဘောလုံးပွဲကို ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု (၃)ကြိမ်ရ ဇီဒန်း ပါဝင်ဆင်နွဲ
အေဂျင်စီသတင်းများ - ဖေဖေါ်ဝါရီ ၂၆၊ ၂၀၀၇

ဘောလုံးအားကစားကနေ ၂၀၀၆ ကမ္ဘာ့ဖလားအပြီးမှာ အနားယူခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု (၃)ကြိမ်ရဖူးတဲ့ ဇီဒန်းဟာ ပထမဆုံးအကြိမ်အဖြစ် ဆင်းရဲနွမ်းပါးသူများကို အကူအညီပေးရေးအတွက် ရံပုံငွေ ရှာဖွေရေးဘောလုံးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကစားခဲ့ပါတယ်။

ပြင်သစ် အသင်းခေါင်းဆောင်ဟောင်း ဇီဒန်းဟာ သူ့အနာဂတ်နဲ့ ပက်သက်တဲ့ မေးခွန်းကိုတော့ ဖြေဆိုဖို့ ငြင်းဆန်ခဲ့ ပါတယ်။

“ကျနော် ဘောလုံးလောကနေ အနာယူပြီးတဲ့နောက် ကမ္ဘာသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ ပါ တယ်။ ကျနော့် အနေနဲ့ အခုလို ကစားပွဲမျိုးမှာ ပါဝင် ကစားရပြီး အတွေ့အကြုံသစ်တွေ ရတဲ့ အပေါ်မှာ အရမ်း စိတ်လှုပ်ရှား ပါတယ်” လို့ ဇီဒန်း က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ ပါ တယ်။

အာရှရဲ့ ဘောလုံးအားကစား တိုးတက်မှုနဲ့ ပက်သက်လို့ ဇီဒန်း က “ခင်များတို့ အနေနဲ့ ဂျပန်ကစားသမား နာကာမူရာ ဥရောပမှာ ကစားနေတာကို တွေ့မှာပါ။ သူတို့ဟာ အာရှ ဘောလုံး လောကအတွက် အပေါင်း လက္ခာတွေကို တစုံတရာ ယူဆောင်ပေး နေပါတယ်။ ဒီနေ့ပွဲမှာ ကစားတဲ့ ကစားသမားတွေ အနေနဲ့လည်း နောင်တချိန်မှာ ဒါမျိုး အဆင့်ကို ဘယ်သူ ရောက်မယ်ဆိုတာ မပြောနိုင်ပါဘူး” လို့ ပြောပါတယ်။

ဆင်းရဲနွမ်းပါသူများကို အကူအညီပေးရေး ရံပုံငွေပွဲကို ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့ပြီး ယင်းပွဲမှာ ဇီဒန်းဟာ ထိုင်း၊ စင်္ကာပူ၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့က ကစား သမားတွေနဲ့အတူ ပါဝင် ကစားခဲ့ ပါတယ်။

ချင်းမိုင်မြို့ မြူနီစပါယ် အားကစားကွင်းမှာ ပြုလုပ်ခဲ့တဲ့ ရံပုံငွေပွဲကို ပရိတ်သတ်ပေါင်း (၂၀ ,၀ ၀၀) ကျော် လာရောက် ကြည့်ရှု အားပေးခဲ့ပါတယ်။ အားပေးတဲ့ ပရိတ်သတ်တွေက ဇီဒန်းကို ချစ်စနိုးနဲ့ “ ဇီဇူ ” လို့ ခေါ်ဝေါ်ပြီး အော်ဟစ် အားပေးခဲ့ ပါတယ်။

အပူရှိန်ပြင်းတဲ့ ချင်းမိုင်မြို့ရဲ့ နေရောင်အောက်မှာ ကစားခဲ့တဲ့ ရံပုံငွေပွဲဟာ တစ်ဖက်ကို နှစ်ဂိုး စီနဲ့ သရေကျခဲ့ ပါတယ်။


ချင်းမိုင်မြို့ ရံပုံငွေရှာဖွေရေး ဘောလုံးကွင်းထဲက ဇီဒန်း