DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
အာရှအားကစား
ဥရောပဘောလုံးသမားဘ၀ကို အဆုံးသတ်ပြီး ဆော်ဒီကလပ်မှာ ကစားဖို့ ဖီဂို သဘောတူစာချုပ်ခဲ့
အေအက်ဖ်ပီ - ဖေဖေါ်ဝါရီ ၁၄၊ ၂၀၀၇

ပေါ်တူဂီ ကွင်းလယ်လူ လူစ်းဖီဂိုဟာ လာမယ့်ဇူလိုင်မှာ ဥရောပ ဘောလုံးသမားဘ၀ကို အဆုံးသတ်ပြီး ဆော်ဒီကလပ်အယ် အတီဟတ်အသင်းမှာ သွားရောက် ကစားမှာ ဖြစ်ကြောင်း အေးဂျင့်ဖြစ်သူက အတည်ပြုလိုက်ပါတယ်။

အေးဂျင့်ဖြစ်သူ မာရီရန် အဘူး ခပ်ဒါ မွန်တာနိုရဲ့ အေပီကို ပေးပို့တဲ့ ထုတ်ပြန်ချက်မှာ “ဖီဂိုဟာ အီတလီမှာ ရှိတဲ့ ဥရောပ ဘောလုံးသမား ဘ၀ကို ဇွန်လမှာ အဆုံးသတ်ပြီး ဇူလိုင် (၁)ရက်မှာ ဆော်ဒီကလပ် အယ် အတီဟတ် အတွက် ကစားပေးဖို့ နှစ်ဖက်သဘောတူ စာချုပ်ခဲ့ ပါတယ်”

“သဘောတူညီချက်ရဖို့ နောက်ဆုံးအဆင့်ကို ရောက်နေပြီး အပြီးသတ်ဖို့ပဲ လိုပါတော့တယ်” လို့ သူမ က ပြောပါတယ်။

အယ်အတီဟတ် ဥက္ကဌ မန်စိုဝါ အယ်ဘာဝီက ဖီဂို ရောက်ရှိလာတော့မှာ ဖြစ်ကြောင်း ကြေညာခဲ့ပေမယ့် ဖီဂိုက တော့ အယ်အတီဟတ်ကို ပြောင်းဖို့အတွက် ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ပြီးမှ ရခဲ့ကြောင်း ပြီးခဲ့တဲ့ တင်္နလာနေ့က မီဒီယာ တွေကို ပြောပါတယ်။

အသက် (၃၃)နှစ်ရှိ ဖီဂိုက “ကျနော် အဲဒီကို သွားနိုင်မလား မသွားနိုင်ဖူးလား ဆိုတာကို စောင့်နေ ပါတယ်။ ဆုံး ဖြတ်ချက် မှန်သမျှကို ကျနော် ဂရုတစိုက်နဲ့ ခြင့်ခြင့်ချိန်ချိန် စဉ်စား ဆုံးဖြတ်ခဲ့ ပါတယ်” လို့ ပြောပါတယ်။

ဖီဂိုဟာ ပေါ်တူဂီအသင်းအတွက် နိုင်ငံတကာပွဲပေါင်း (၁၂၇) ပွဲ ကစားပေးခဲ့ပြီး ၂၀၀၆ ကမ္ဘာ့ဖလားအပြီးမှာ လက် ရွေးစင် ကစားသမားဘ၀ကနေ အနားယူခဲ့ ပါတယ်။ သူစာ ၂၀၀၅ မှာ ရီရဲမက်ဒရစ်ကနေ အင်တာမီလန်ကို ပြောင်းရွေ့ခဲ့ ပါတယ်။


ဖီဂို(၀ဲ)နဲ့ အယ် အတီဟတ် ဥက္ကဌ (ယာ)