DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
အာရှအားကစား
ဗိုလ်လုပွဲမှာ ထိုင်းကို နှစ်ပွဲပေါင်း (၃ - ၂)နဲ့ အနိုင်ယူပြီး အာစီယံချန်ပီယံသရဖူကို စင်္ကာပူ ကာကွယ်နိုင်ခဲ့
အေဂျင်စီသတင်းများ - ဖေဖေါ်ဝါရီ ၅၊ ၂၀၀၇

ထိုင်းနိုင်ငံဘန်ကောက်မှာ ယမန်နေ့က ပြုလုပ်တဲ့ အာစီယံ ချန်ပီယံရှစ် ဗိုလ်လုပွဲ ဒုတိယအကျော့မှာ အိမ်ရှင် ထိုင်းအသင်းနဲ့ စင်္ကာပူတို့ တစ်ဖက် တစ်ဂိုးစီနဲ့ သရေကျခဲ့တဲ့အတွက် စင်္ကာပူက နှစ်ပွဲပေါင်း (၃ -၂) ရလဒ်နဲ့ ဗိုလ်စွဲသွား ပါတယ်။

လက်ရှိ ချန်ပီယံ စင်္ကာပူဟာ ပြီးခဲ့တဲ့အပတ်ကတုန်းက အိမ်ကွင်းမှာ ထိုင်းအသင်းကို (၂ - ၁)နဲ့ နိုင်ထား ပါတယ်။

အာစီယံချန်ပီယံ (၃)ကြိမ် ဖြစ်ဖူးထားတဲ့ ထိုင်းအသင်းဟာ ကိုယ့်ကွင်း ကိုယ်ပရိတ်သတ်ရဲ့မှာ ကြိုးစားပမ်းစားနဲ့ စကာင်္ပူအသင်းဖက်ကို ထိုးဖောက် ဖိအားပေးကစားနိုင်ခဲ့ပါတယ်။

ထိုင်းအသင်းရဲ့ ဦးဆောင်ဂိုးကို (၃၇)မိနစ်မှာ စင်္ကာပူ နောက်ခံလူတွေ တားဆီးနေတဲ့ ကြား ထဲကနေ ပီပက် သွန်ကန်ရာက ခေါင်းနဲ့ထိမ်းပြီး မြေမကျ ပတ်ကန် သွင်းယူ ခဲ့ပါတယ်။

စင်္ကာပူအသင်းဟာ ပထအကျော့ အိမ်ကွင်း ကစားတုန်းကလို ထိုင်းဖက်ကို ထိထိ ရောက် ရောက် မထိုးဖောက်နိုင်ဘဲ ထိုင်းအသင်းရဲ့ ဖြတ်တောက် ကစားခြင်းကို ခံခဲ့ရ ပါတယ်။

ဒုတိယပိုင်းမှာ ထိုင်းဖက်က အပိုင် ဂိုးသွင်းခွင့် အခွင့်အရေး (၂)ကြိမ်လောက် ရခဲ့ပေမယ့် ဂိုး ကံခေပြီး လွဲချော်ခဲ့ ပါတယ်။ စင်္ကာပူဖက်ကလည်း အပိုင်ကန်သွင်းခွင့် တစ်ကြိမ် ရခဲ့ပေမယ့် ထိုင်းဂိုးသမား လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ ပါတယ်။

(၈၁)မိနစ်မှာ စင်္ကာပူရဲ့ ကျောနံပါတတ် (၁၉) အမ်ရီက ထိုင်းနောက်တန်းကို တကိုယ်တော် ထိုးဖောက်ပြီး မနားတမ်း ဂိုးသမား ဘယ်ထောင့်ကို အနိုင်ဂိုး ကန်သွင်း ယူခဲ့တဲ့အတွက် ထိုင်း ပရိတ်သတ် (၃၀,၀၀၀) လောက်ဟာ ငြိမ်ကျသွား ခဲ့ပါတယ်။

စင်္ကာပူနည်းပြ ဆာဘီယားလူမျိုး ရေဒိုဗန် အေဗရာမိုဗစ်ခ်ျက “ဒီပွဲဟာ ကြီးကျယ်တဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ တကယ့် ဗိုလ်လုပွဲ တစ်ပွဲပါပဲ” လို့ ပြောဆိုခဲ့ ပါတယ်။

“ကျနော်တို့ ဂိုးသွင်းဖို့ မျှော်မှန်းထားသလို အောင်မြင်ခဲ့ ပါတယ်။ ဒီပွဲမှာ ဖိအားတွေ ရှိနေမယ် ဆိုတာကို မျှော်မှန်းထား ပါတယ်။ နောက်ပြီး ပြဿနာ တစုံတရာ မရှိဘဲ ကျနော်တို့ နိုင်နိုင် နင်းနင်း ကစားနိုင်ခဲ့ ပါတယ်”

၎င်းက ဆက်လက်ပြီး “ကျနော်တို့ အနည်းဆုံး အပိုင်ဂိုး (၃)ဂိုး လောက် လွဲခဲ့ပါတယ်။ ဒါဟာ ဒီပွဲအတွက် ကျနော်ပေးရမယ့် ဆင်ခြေတစ်ခုပါပဲ” လို့ ပြောပါတယ်။

ထိုင်းမန်နေဂျာ သာဗက်ချိုင်း ဆာဂျာကယ်က “စင်္ကာပူအသင်းရဲ့ ဒီနေ့ နိုင်ပွဲဟာ ထိုက်တန် ပါတယ်။ ကျနော်တို့အသင်းဟာ ဒုတိယပိုင်းမှာ အပိုင်ဂိုးတစ်ဂိုးရပြီး နှစ်ဂိုးအသာနဲ့ ဦးဆောင် နိုင်တဲ့ အခွင့်အရေး ရခဲ့ပေမယ့် အသုံးမချ နိုင်ခဲ့ပါဘူး။ ဘောလုံးဆိုတာ ဒါပါပဲ” လို့ ပြောပါ တယ်။

စင်္ကာပူမှာ ကန်တဲ့ ပထမအကျော့မှာတုန်းက ကွင်းလယ်ဒိုင်ရဲ့ အငြင်းပွားဖွယ် ပင်နယ်တီ ကြောင့် ထိုင်းအသင်းဟာ မကျေမနပ်ဖြစ်ပြီး ကွင်းအပြင်ကို ထွက်သွားတဲ့အတွက် ပွဲဟာ ခေတ္တရပ်နားခဲ့ ရပါတယ်။

ယခုပွဲမှာ ပြဿနာတစုံတရာ ဖစ်ပေါ်မှာ စိုးရိမ်တဲ့အတွက် ကွင်းအတွင်းမှာ ရဲလုံခြုံရေး တပ် သား (၁,၅၀၀) လောက်ကို အာဏာပိုင်တွေက ဖြန့်ကျက်ထား ပါတယ်။

အာစီယံချန်ပီယံရှစ် ပြိုင်ပွဲဟာ ယခင်က တိုက်ဂါးဖလားလို့ နာမည်တွင်ပြီး ၁၉၉၆ ကနေ ၂၀၀၄ အထိ (၂)နှစ်တစ်ကြိမ် တိုက်ဂါးကုမ္မဏီက တာဝန်ယူကျင်းပခဲ့ ပါတယ်။ ယခုအ ကြိမ်မှာ တိုက်ဂါးကုမ္မဏီက တာဝန်ယူကျင်းပနိုင်တော့ခြင်း မရှိတဲ့အတွက် အာစီယံ ဘောလုံးအဖွဲ့ချုပ်က ပထမဆုံးအကြိမ် စတင်တာဝန်ယူ ကျင်းပခြင်း ဖြစ်ပါတယ်။


အာစီယံချန်ပီယံရှစ် ဆုဖလားနဲ့ ပျော်မြူးနေတဲ့ စင်္ကာပူ ကစားသမားများ