DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူအီးအက်ဖ်အေ
ပြင်သစ်ကစားသမားဟောင်း ပလာတီနီ ယူအီးအက်ဖ်အေဥက္ကဌအဖြစ် ရွေးချယ်ခံရ
အေဂျင်စီသတင်းများ - ဇန်န၀ါရီ ၂၇၊ ၂၀၀၇

ယူအီးအက်ဖ်အေ ဥက္ကဌနေရာအတွက် ယမန်နေ့က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ မစ်ရှယ် ပလာတီနီက ကာလကြာရှည် တာဝန်ထမ်းဆောင်ခဲ့ ဖူးတဲ့ ဆွီဒင်သား လန်နပ် ဂျွန်ဆန်ကို မဲအနည်းငယ် အသာနဲ့ နိုင်ခဲ့ ပါတယ်။

ပြင်သစ် ကစားသမားဟောင်း ပလာတီနီဟာ (၃၁)ကြိမ်မြောက် ယူအီးအက်ဖ်အေ ကွန်ဂရက်ရဲ့ ဆန္ဒမဲပေး ရွေးချယ်မှုမှာ (၂ရ)မဲ၊ (၂၃)မဲနဲ့ ဂျွန်ဆန်ကို အနိုင်ရခြင်း ဖြစ်ပါတယ်။ ယင်း မဲပေး ရွေးချယ်မှုဟာ အသက် (၇၇)နှစ်ရှိပြီး ယူအီးအက်ဖ်အေမှာ (၁၇)နှစ်ကြာ အကြီးအကဲ ဖြစ်တဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂျွန်ဆန်ကို အဆုံးသတ် ပေးလိုက်ပါတယ်။

အသက် (၅၁)နှစ်ရှိ ပလာတီနီက “ကျနော် လှုပ်ရှား နိုင်ခဲ့ပါပြီ။ အရှိန်အဟုန်နဲ့ လှုပ်ရှား နိုင်ခဲ့ ပါပြီ။ ဒါပေမယ့် ကျနော် အရမ်းပျော်ပါတယ်။ ဒါဟာ ကြီးမားတဲ့ စွန့်စားမှုတစ်ခုရဲ့ ပထမ ခြေ လှမ်း ဖြစ်ပါတယ်” လို့ စိတ်လှုပ်ရှားစွာနဲ့ ပြောဆို ခဲ့ပါတယ်။

“မဲပေးရွေးချယ်မှုရဲ့ နောက်ဆုံး (၄)မဲကို မဖွင့်မီအထိ ကျနော်တို့ နှစ်ယောက်စလုံးဟာ မဲအရေ အတွက် (၂၃)၊ (၂၃)နဲ့ တူ ခဲ့ပါတယ်” လို့ ပလာတီနီက ပြောပါတယ်။

ပလာတီနီဟာ ယူအီးအက်ဖ်အေ ရွေးကောက်ပွဲ မတိုင်မီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နိုင်ငံတစ် နိုင်ငံမှ လက်ရှိ ခွင့်ပြုထားတဲ့ (၄)သင်းထက် (၃)သင်းသာ ခွင့်ပြုသင့်တယ်လို့ ပြောထား ဖူးပါ တယ်။

အဲဒီပြောဆိုချက် အပေါ်မှာ မန်ယူနည်းပြ ဖာဂူဆန်က ပြစ်တင် ဝေဖန်ခဲ့ပြီး ယခုအတိုင်း (၄)သင်းကိုပဲ ၀င်ခွင့်ပြုဖို့ တောင်းဆိုခဲ့ ပါတယ်။


ဥက္ကဌသစ် ပလာတီနီ မိန့်ခွန်း ပြောနေစဉ်