ရုရှတင်းနစ်မယ် ရှာရာဗိုရာက သူ့အနေနဲ့ သြစတြေးလျ အိုးပင်း ဗိုလ်လုပွဲမှာ စရီနာ ၀ီလျံစ်ရဲ့ အနိုင်ယူခြင်းကို ခံလိုက်ရပေမယ့် ကမ္ဘာ့အဆင့် (၁)နေရာနဲ့ ထိုက်တန်ဆဲဖြစ်ကြောင်း ပြောဆို လိုက်ပါတယ်။
ရုရှသူ ရှာရာဗိုရာဟာ ယမန်နေ့က WTA ကမ္ဘာ့အဆင့် သတ်မှတ်ချက် ထွက်ပေါ်လာပြီးနောက် ယခင် အဆင့် (၁)ဖြစ်တဲ့ ဘယ်ဂျီယမ်သူ ဂျက်စတင် ဟင်နင်ရဲ့ နေရာမှာ ၀င်ရောက် အစားထိုး ယူနိုင်ခဲ့ ပါတယ်။
“ကမ္ဘာ့အဆင့် သတ်မှတ်ချက်က လိမ်စရာအကြောင်း မရှိပါဘူး။ ပြီးခဲ့တဲ့ နှစ်မှာ ကျမ အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့ပါတယ်” လို့ ရှာရာဗိုရာက ရိုက်တာကို ပြောပါတယ်။
ယခုအပတ်အတွင်း တိုကျိုမှာ ပြုလုပ်ဖို့ရှိတဲ့ Pan Pacific Open ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ဖို့ တာဆူနေတဲ့ ရှာရာဗိုရာက “ကျမ အခုလို နံပါတ်တစ်နေရာကိုရတဲ့အတွက် အရမ်း စိတ်လှုပ်ရှား မိပါတယ်။ ကျမအနေနဲ့ ဒီအဆင့်ကို ရက်သတ္တပတ်ပေါင်းများစွာ ထိန်းထားနိုင်မယ်လို့ မျှော်လင့်ပါတယ်”
အသက် (၁၉)နှစ်ရှိ ရှာရာဗိုရာဟာ ယမန်နှစ် သြဂုတ်လက Pan Pacific Open 2005 ကို အနိုင်ယူပြီးနောက် ကမ္ဘာ့အဆင့် (၁) နေရာကို ရယူခဲ့ ဖူးပါတယ်။
|