ဒဏ်ရာကနေ ပြန်လာပြီး တကျော့ပြန် လက်စွမ်းပြနိုင်ခဲ့တဲ့ စရီနာ ၀ီလျံစ်ဟာ ကမ္ဘာ့အဆင့် (၂)ဖြစ်တဲ့ ရှာရာဗိုရာကို အမျိုးသမီး တစ်ဦးခြင်း ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ အနိုင်ရခဲ့ ပါတယ်။
တကျော့ပြန် ၀ီလျံစ်ဟာ ဆယ်ကျော်သက် တင်းနစ်မယ် ရှာရာဗိုရာကို (၆ - ၁)၊ (၆ - ၂)နဲ့ အပြတ်အသတ် အနိုင်ရတဲ့အတွက် (၈)ကြိမ်မြောက် ဂရင်းစလင်း ဆုဖလားကို ဆွတ်ခူး နိုင်ခဲ့ ပါတယ်။ ယခုဆုဟာ သူမရဲ့ တတိမြောက် သြစတြေးလျ အိုးပင်း ချန်ပီယံ ဆုဖလား ဖြစ်ပါ တယ်။
ဒူးဒဏ်ရာ အပြင်းအထန်ရထားတဲ့ စရီနာ ၀ီလျံစ်ဟာ သြစတြေးလျအိုးပင်း ပြိုင်ပွဲကို ကမ္ဘာ့အဆင့် (၈၁)နဲ့ စတင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ချန်ပီယံဆု ရတဲ့အတွက် ကမ္ဘာ့အ ယခုအပတ်တွင်းမှာ အဆင့် (၁၄)အထိ တက်လာမှာ ဖြစ်ပြီး ရှာရာဗိုရာကတော့ ကမ္ဘာ့အဆင့် (၁) ဖြစ်ဖို့ သေချာပါတယ်။
ပွဲအပြီးမှာ အသက် (၁၉)နှစ်ရှိ ရှာရာဗိုရာက “ခင်များတို့အနေနဲ့ သူ့ကို တကယ့် ပြိုင်ဖက် ကောင်း တစ်ယောက်အဖြစ် ဘယ်တုန်းကမှ တွေးမိမှာ မဟုတ်ပါဘူး။ ကျမ သိပါတယ်။ သူ့မှာ အရည်အခြင်းတွေ ရှိတယ်ဆိုတာကို။ သူဟာ အံ့သြစရာကောင်းတဲ့ ချန်ပီယံ ဖြစ်ပါတယ”် လို့ ပြောပါတယ်။
အသက် (၂၅)နှစ်ရှိ ၀ီလျံစ်က “ကျမ အခုလို အစဉ်အလာ ကြီးမားတဲ့ ပြိုင်ပွဲရဲ့ ချန်ပီယံဖြစ်ခွင့် ရတဲ့အတွက် ရှာရာဗိုရာကို ကျေးဇူး တင်ပါတယ်။ သူအနေနဲ့ ကျမ လုပ်နိုင်တာထက် နောက် ထပ် နှစ်ပေါင်းများစွာ လုပ်နိုင်အုံးမှာပါ။ သူဟာ တကယ့်ကို တိုက်ခိုက်လိုစိတ်ရှိတဲ့ ကစားသ မား တစ်ယောက်ဖြစ်ပြီး နောက်ဆုံး အချိန်အထိ ဇွဲမလျော့ပါဘူး လို့ နှစ်သိမ့်စကား ပြောပါ တယ်။
|