DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
တင်းနစ်
မယုံကြည်နိုင်စရာ လက်စွမ်းပြပြီး ရော့ဒစ်ကိုအနိုင်ယူတဲ့ ဖာဒါရာကို တင်းနစ်သူရဲကောင်း မတ်စ်ဝီလန်ဒါက ချီးကျုး
အေဂျင်စီသတင်းများ - ဇန်န၀ါရီ ၂၆၊ ၂၀၀၇

ဂရင်းစလင်း (၇)ကြိမ် ရဖူးထားတဲ့ တင်းနစ် အကျော်အမော် မတ်စ်ဝီလန်ဒါက သြစတြေးလျ အိုးပင်းဆီမီးဖိုင်နယ်ရဲ့ ဒုတိယပွဲငယ်မှာ ဖာဒါရာက ရော့ဒစ်ကို (၆ - ၀)နဲ့ အနိုင်ယူခဲ့တဲ့ လက်စွမ်းမျိုးကို တစ်ခါမှ မတွေ့ဖူးခဲ့ကြောင်း ချီးကျုးပြောဆို လိုက်ပါတယ်။

“ဒီပွဲမှာ ဖာဒါရာဟာ ရိုက်ချက်အတိုတွေ အများကြီး ရိုက်နိုင်ခဲ့တဲ့ ထူးချွန်တဲ့ ပါရမီရှိတဲ့ ဖြစ်ပါတယ်” လို့ သြစတြေးလျရဲ့ တင်းနစ်သူရဲကောင်း ၀ီလန်ဒါက ဖာဒါရာနဲ့ ရော့ဒစ်တို့ရဲ့ ပွဲကို ကြည့်ပြီး ပြောဆိုလိုက်ပါတယ်။

“လူပုဂ္ဂိုလ်တစ်ယောက်ဟာ မယုံကြည်နိုင်အောင် အရာရာကို လုပ်ပြနိုင်တာကို မျှတတယ်လို့ပြောရမှာ တော်တော်ခက်ပါတယ်။ သူ့ရဲ့ လက်ပြန်ရိုက်ချက်၊ လက်သင့်ရိုက်ချက်၊ မြေလိမ့် ရိုက်ချက်၊ စပေးဘောနဲ့ ကွင်းထဲမှာရှိတဲ့ သူ့ရဲ့ ပုံစံအနေအထားတွေဟာ ချန်ပီယံတစ် ယောက် ရဲ့ လက္ခာတွေကို ဖော်ကျုးနေပါတယ်”

ဆွစ်သား ကမ္ဘာ့နံပါတ်ဝမ်း ဖာဒါရာဟာ အမေရိကန်တင်းနစ်စတား ရော့ဒစ်ကို (၆ - ၄)၊ (၆ - ၀)၊ (၆ - ၂)နဲ့ (၃)ပွဲပြတ်နိုင်ပြီး လက်စွမ်းပြ နိုင်ခဲ့ပါတယ်။ ကစားချိန် (၈၃)မိနစ် ကြာမြင့် ပြီး (၃)ပွဲပေါင်းမှ ရော့ဒစ်ဟာ (၆)မှတ်ပဲ ရပါတယ်။

ရော့ဒစ်ဟာ ဆီမီးဖိုင်နယ်ကို ယုံကြည်မှု အပြည့်နဲ့ ရောက်လာခဲ့ပေမယ့် ပထမပွဲငယ်မှာ ဖာဒါ ရာရဲ့ (၄ - ၃)နဲ့ ဦးဆောင်ခြင်းကို ခံရပြီးနောက် တဖြည်းဖြည်းနဲ့ ပွဲကစားသူနဲ့ မတူဘဲ ပွဲ ကြည့် သူအဖြစ်သို့ ပြောင်းလဲ သွားပါတယ်။

ပွဲအပြီးမှာ ဖာဒါရာက “ဒီပွဲအတွက် ကျနော် စိတ်ပူပင် ခဲ့ရပါတယ်။ သူ့ရဲ့ လက်ရည်ဟာ အ ကောင်းဆုံး အနေအထား ရှိနေပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ကစားတဲ့ ကျနော့် လက်စွမ်းဟာ မယုံကြည်နိုင်လောက်အောင် ကောင်းပါတယ်” လို့ ပြောပါတယ်။

ရော့ဒစ်က “ဒီပွဲဟာ ကျနော်အတွက်တော့ အဆိုးဝါးဆုံး ရှုံးပွဲဖြစ်ပါတယ်။ ဒီအရှုံးအတွက် ကျနော့်ကိုယ်ကျနော်လည်း အံ့သြမိပါတယ်။ ဒီမှာ ကျနော် အကောင်းဆုံးကစားနိုင်ခဲ့ပေမယ့် တစ်ဦးတစ်ယောက်ကမှ ကျနော်ကို ဒီလိုမျိုး ဆိုးဆိုးဝါးဝါး ရှုံးနိမ့်အောင် လုပ်တာမျိုး မခံခဲ့ရပါဘူး” လို့ ပြောပါတယ်။

အသက် (၂၆)နှစ်ရှိ ဖာဒါရာဟာ သြစတြေးလျ အိုးပင်းကို ၂၀၀၄နဲ့ ၂၀၀၆၊ ပြင်သစ် အိုးပင်းကို ၂၀၀၆၊ ၀င်ဘယ်ဒန် ချန်ပီယံဆုကို ၂၀၀၃၊ ၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆ နဲ့ ယူအက်စ် အိုးပင်းဆုကို ၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆ တို့မှာရရှိထားပါတယ်။

အခြားဆီမီးဖိုင်နယ်ပွဲစဉ်တစ်ခုမှာ ဂျာမဏီက တွမ်မီ ဟတ်စ်နဲ့ ချီလီးသား ဂွန်ဇာလက်တို့ ယနေ့ မနက်ပိုင်းမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ အနိုင်ရတဲ့သူဟာ ဗိုလ်လုပွဲမှာ ဖာဒါရာနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

 


ကွင်းထဲက ဖာဒါရာရဲ့ ပုံစံအနေအထား