ကမ္ဘာ့အဆင့် (၂)နာဒယ်ရဲ့ သြစတြေးလျ အိုးပင်း ချန်ပီယံဖြစ်ရေး မျှော်လင့်ချက်တွေကို ကွာတားဖိုင်နယ်မှာ ချီလီသား ဖာနန်ဒို ဂွန်ဇာလက် (၃)ပွဲပြတ်နဲ့ အနိုင်ယူပြီး အဆုံးသတ် ပေးခဲ့ ပါတယ်။
ကမ္ဘာ့အဆင့် (၁၀)ဖြစ်တဲ့ ဂွန်ဇာလက်ဟာ နာဒယ်ကို (၆ - ၂)၊ (၆ - ၄)၊ (၆ - ၃)နဲ့ အနိုင် ယူခဲ့ပြီး ဆီမီးဖိုင်နယ်မှာ ရုရှသား ဒေဗီဒန်ကို ကို အနိုင်ရထားတဲ့ ဂျာမဏီမှ တွမ်မီ ဟတ်စ်နဲ့ ဆုံရမှာ ဖြစ်ပါတယ်။
အသက် (၂၆)နှစ်ရှိ ဂျွန်ဇာလက်ဟာ ပွဲချိန် (၂)နာရီနဲ့ (၅)မိနစ်ကြာ ကစားပြီးမှ နာဒယ်ကို အနိုင်ရခဲ့ခြင်း ဖြစ်ပါတယ်။
ပွဲအပြီးမှာ ဂွန်ဇာလက်က “ဒီညပွဲမှာ ကစားတဲ့ ကျနော့် လက်ရည်ဟာ မယုံကြည်နိုင် လောက် အောင် ဖြစ်ရပါတယ်။ ဒီလက်စွမ်းကို ဆက်လက် ထိန်းထားနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။
အခြားဆီမီးဖိုနယ် ပွဲစဉ်မှာ ကမ္ဘာ့အဆင့် (၁) ဖာဒါရာဟာ အမေရိကန်တင်းနစ်စတား အင်ဒီ ရော့ဒစ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အမျိုးသမီး တစ်ဦးခြင်း ဆီမီးဖိုင်နယ်မှာတော့ ရုရှသူ တင်းနစ်မယ် ရှာရာဗိုရာဟာ ဘယ်ဂျီ ယမ်က ကင် ဆီဂျက်စတာကို (၆ - ၄)၊ (၆ -၂)နဲ့ နိုင်ပြီး ဗိုလ်လုပွဲမှာ အမေရိကန်သူ ဆရီနာ ၀ီလျံစ်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
ဆက်ကျော်သက် ရှာရာဗိုရာဟာ ရုရှသူတွေထဲကနေ သြစတြေးလျ အိုးပင်း ဗိုလ်လုပွဲကို ပထမဆုံး တက်ရောက်နိုင်တဲ့ အမျိုးသမီး ဖြစ်လာပါတယ်။
|