DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
တင်းနစ်
ဆယ်ကျော်သက် မာရေးကို ခက်ခက်ခဲခဲ ကစားပြီးမှ နာဒယ် ကွာတားဖိုင်နယ်ကို တက်ရောက်
ရိုက်တာ - ဇန်န၀ါရီ ၂၃၊ ၂၀၀၇

ကမ္ဘာ့အဆင့် (၂)ဖြစ်တဲ့ နာဒယ်က ယမန်နေ့က ကစားခဲ့တဲ့ သြစတြေးလျ အိုးပင်းပြိုင်ပွဲ စတုတ္ထပတ်လည်မှာ ဗြိတိန်ရဲ့ ဆယ်ကျော်သက် အင်ဒီ မာရေးကို ( ၆- ၇)၊ (၆ - ၄)၊ (၄ - ၆)၊ (၆ - ၃)၊ (၆ - ၁)နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက် သွားပါတယ်။

စပိန်သား နာဒယ်ဟာ ကမ္ဘာ့အဆင့် (၁၅)ဖြစ်တဲ့ မာရေးကို (၄)နာရီကြာ ခက်ခက်ခဲခဲ ယှဉ်ပြိုင် ပြီးမှ အနိုင်ရခဲ့ခြင်း ဖြစ်ပါတယ်။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ နာဒယ်က “ဒီပွဲဟာ တကယ့် ပွဲကောင်းတစ်ပွဲဖြစ်ပြီး ကစား ရတာ အရမ်း ခက်ပါတယ်။ ဒါပေမယ့် ကျနော် အရမ်း ပျော်ပါတယ်” လို့ ပြောဆို ခဲ့ပါတယ်။

“မာရေးကစားတာဟာ မယုံကြည်နိုင်လောက်အောင် အဆင့်မြင့်ပါတယ်။ သူဟာ ကစားနေစဉ် အတွင်းမာ နည်းပရိယာယ်တွေ အမြဲတမ်း အပြောင်းအလဲ ပြုလုပ်ခဲ့တဲ့အတွက် ကျနော် အတွက် ကစားရတာ ခက်ခဲ ခဲ့ပါတယ်။ ဒီပွဲဟာ ကျနော်အတွက် အရမ်း အရေးပါတဲ့ ပွဲဖြစ် ပါ တယ်” လို့ နာဒယ်က ထပ်ပြောပါတယ်။

အသက် (၁၉)နှစ်ရှိ တင်းနစ်စတား မာရေးက “ဒီပွဲမှာ ကျနော်ကစားတာ အရမ်းကောင်း တယ်လို့ ခံစားရ တဲ့အတွက် ရှုံးပေမယ့် သိပ် စိတ်မပျက်ပါဘူး။ ကျနော့် လက်ရည်ဟာ ကစား တဲ့ ပွဲတိုင်းမှာ အကောင်းဆုံး အနေအထားကို ရနေပါတယ်” လို့ ပြောပါတယ်။

ကွာတားအဆင့်မှာ နာဒယ်နဲ့ ဖာနန်ဒို ဂွန်ဇာလက် (ချီလီ )၊ ရော်ဂျာ ဖာဒါရာနဲ့ တွမ်မီ ရိုဘတ် တို (စပိန်)၊ တွမ်မီ ဟတ်စ် (ဂျာမဏီ)နဲ့ ဒေဗီ ဒန်ကို (ရုရှ) တို့ အသီးသီး တွေ့မှာဖြစ်ပြီး အင်ဒီ ရော့ဒစ်ကတော့ မာဒီ ဖစ်စ်(အမေရိကန်) ကို အနိုင်ယူကာ ဆီးမီးဖိုင်နယ်မှာ စောင့်နေပါ တယ်။


ပွဲအပြီးမှာ နာဒယ် (၀ဲ)က မာရေး (ယာ)ကို နှစ်သိမ့်နေစဉ်