ကမ္ဘာ့ဆီဒင်ရ ကစားသမားတွေဖြစ်တဲ့ ရာဖယ် နာဒယ် ဒေဗီဒန်ကို၊ ဂျိမ်းစ်ဘရိတ်၊ နယ်ဗယ်ဒီယန်နဲ့ လီတန်ဟူးဝစ်တို့ဟာ ယမန်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ သြစတြေးလျ အိုးပင်းတင်းနစ်ပြိုင်ပွဲ ဒုတိယအကျော့ ပွဲစဉ်များမှာ အသီးသီးအနိုင်ရပြီး တတိယအဆင့်ကို တက်ရောက် သွားပါတယ်။
ကမ္ဘာ့အဆင့် (၂)နာဒယ်ဟာ ဂျာမန်က ဖိလစ်ကိုချယ်ရီဘာကို မာရသွန် ပွဲရှည်အဖြစ် (၇ - ၅)၊ (၆ - ၃)၊ (၄ - ၆)၊ (၆ - ၂)နဲ့ အနိုင်ရ ခဲ့ပါတယ်။ တတိယအဆင့်မှာ ဆွစ်ဇာလန်က ကမ္ဘာ့အ ဆင့် (၃၁)ဖြစ်တဲ့ စတာနီလတ်စ် ဝေါ၀င်ကာနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
စပိန်ကစားသမား နာဒယ်ဟာ လက်ရှိ ချန်ပီယံ ရော်ဂျာဖာဒါရာရဲ့ လက်ထဲက ချန်ပီယံ သရဖူလွဲပြောင်း ရယူနိုင်မယ်လို့ ယုံကြည်နေပြီး ဗိုလ်လုပွဲမှာ တွေ့ဆုံဖို့ မျှော်လင့်နေပါတယ်။
ရုရှသား ဒေဗီဒန်ကိုက ဆီဒင်အဆင့်မဟုတ်တဲ့ ဂဲလက်စ် မူလာကို အလွယ်တကူပဲ (၆ - ၄)၊ (၆ - ၀)၊ (၆ - ၃)နဲ့ အနိုင်ရပြီး နောက်တဆင့်မှာ ဖရတ်ရိုက် ဆန်တိုရိုနဲ့ ကစားရမှာ ဖြစ်ပါ တယ်။
အသက် (၂၇)နှစ်ရှိ ကမ္ဘာ့အဆင့် (၅)ဖြစ်တဲ့ အမေရိကန်စတား ဂျိမ်းဘရိတ်က အမေရိ ကန်ပြိုင်ဖက် အဲလက်ကန်နက်ဆော့ကို (၆ - ၄)၊ (၆ - ၁)၊ (၆ - ၂) နဲ့ အနိုင်ရပြီး တတိယအဆင့်မှာ တစ်နိုင်ငံတည်းသား ရော်ဘီဂင်ပရီနဲ့ ဆုံမှာ ဖြစ်ပါတယ်။
တကယ်လို့ ပွဲစဉ်ဇယားအရ ဂျိမ်းဘရိတ်ဟာ တတိယအကျော့မှာ အနိုင်ရခဲ့ရင် စတုတ္ထ အကျော့မှာ သြစတြေးလျရဲ့ တင်းနစ် သူရဲကောင်း လီတန် ဟူးဝစ်နဲ့ တွေ့ဆုံ ရနိုင်ပါတယ်။
ယခင်ကမ္ဘာ့အဆင့် (၁)ဖြစ်ပြီး ယခုအဆင့် (၁၉)ဖြစ်တဲ့ လီတန် ဟူးဝစ်ဟာ ကနေဒါက ဖရန့် ဒန်စီဗစ်ကို (၆ - ၄)၊ (၆ - ၄)၊ (၃ - ၆)၊ (၆ - ၄)နဲ့ ခက်ခက်ခဲခဲနဲ့ (၄၈)မိနစ်ကြာ ကစားပြီးမှ တတိယအဆင့်ကို တက်ရောက် ခဲ့ပါတယ်။
ကမ္ဘာ့အဆင့် (၈)ဖြစ်တဲ့ အာဂျင်တီးနားသာ နာဗယ်ဒီယန်က အီကွေဒေါက နီကိုလတ်စ် လေပန်တီကို (၆ - ၄)၊ ( ၆ - ၄)၊ ( ၆ - ၄)နဲ့ အနိုင်ရပြီး တတိယအဆင့်မှာ ဂရို့စ်ဂျင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
တတိယအဆင့် ပွဲကောင်းတစ်ပွဲကတော့ ကမ္ဘာ့အဆင့် (၇)ဖြစ်တဲ့ အင်ဒီ ရော့ဒစ်နဲ့ ရုရှက မာတင် ဆာဖင်တို့ရဲ့ပွဲ ဖြစ်ပါတယ်။
နံပါတ်ဝမ်းဖြစ်တဲ့ ရော်ဂျာ ဖာဒါရာကတော့ ဆာဘီးယားက မစ်ဟေး ရောင်စနီကို (၆ - ၃)၊ (၆ - ၃)၊ (၇ - ၆)နဲ့ အနိုင်ယူပြီး စတုတ္ထအဆင့်ကို တက်ရောက်သွားပြီး ယင်းအဆင့်မှာ ကမ္ဘာ့အဆင့် (၁၄)ဖြစ်တဲ့ ဒီဂျိုကိုဗစ်နဲ့ တွေ့မှာဖြစ်ပါတယ်။
|