ကမ္ဘာ့နံပါတ်ဝမ်း ရော်ဂျာ်ဖာဒါရာနဲ့ အင်ဒီရော့ဒစ်တို့ဟာ ယနေ့မှာစတင်တဲ့ သြစတြေးလျ အိုးပင်း တင်းနစ်ပြိုင်ပွဲ ပထမအကျော့မှာ အကောင်းဆုံး လက်စွမ်းကို မရရှိသော်လည်း အသီးသီး အနိုင်ရခဲ့ပါတယ်။
တင်းနစ် အကျော်အမော် ဖာဒါရာဟာ ဂျာမဏီမှ ဘီဂျွန်း ဖရူးကို ဦးဆောင် ကစားခြင်းကို နောက်ကနေ လိုက်စားကစားပြီးမှ အနိုင်ရခဲ့ပါတယ်။ ဖာဒါရာဟာ ပထမပွဲစဉ်မှာ စပေးဘော (၃)ကြိမ်အထိ ဘေားထွက် ခဲ့ပြီး (၇ - ၅)၊ (၆ - ၀)၊ (၆ - ၄)နဲ့ အနိုင်ရခဲ့ ပါတယ်။
ပွဲအပြီးမှာ ဆွစ်သား ဖာဒါရာက “ကျနော် ပထမပွဲစဉ်မှာ စပေးဘော (၃)ကြိမ် အထိ လွဲချော် ခဲ့လို့ တော်တော် ထိတ်လန့် စိုးရိမ်သွားပါတယ်။ သွေးအေးအေးနဲ့ပဲ စိတ်ထား နိုင်ခဲ့ပေမယ့် တော် တော်တော့ လန့်သွားပါတယ်” လို့ ပြောပါတယ်။
အသက် (၂၆)နှစ်ရှိ ဖာဒါရာဟာ ဒုတိယအကျော့မှာ ဆွီဒင်က ဂျိုနပ်စ် ဘီဂျော့မန်း (သို့) ပြင် သစ်သား အိုလီဗာ ပတ်တီအန့်စ်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
အမေရိကန် တင်းနစ်စတား ကမ္ဘာ့အဆင့် (၆)ဖြစ်တဲ့ ရော့ဒစ်က ပြင်သစ်က လူသိသိပ်မများတဲ့ ဂျို ၀ိုင်ဖရက် တီစွန်ဂါကို (၆ - ၇)၊ ၇ - ၆)၊ (၆ - ၃)နဲ့ အနိုင်ရခဲ့ပါတယ်။
ပွဲအပြီးမှာ အသက် (၂၅)နှစ်ရှိ ရော့ဒစ်က “ပထမအကျော့ရဲ့ ပွဲဦးထွက် ပွဲစဉ်တွေဟာ ကျနော့် အထင်တော့ နဲနဲ လန့်စရာ ကောင်းပါတယ်။ ဒါပေမယ့် ကောင်းကောင်း ကစားနိုင် ခဲ့ပါတယ်။ ဒုတိယအကျော့မှာ ပိုပြီး အကောင်းဆုံး ကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။
ရော့ဒစ်ဟာ ဒုတိယအကျော့မှာ ပြင်သစ်က မက့်ခ် ဂစ်ကွယ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။ သြစ တြလျး အိုးပင်းပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံဟာ ရော်ဂျာ ဖာဒါရာ ဖြစ်ပြီး ၀င်ဘယ်ဒန်နဲ့ ယူအက်စ် အိုးပင်းတို့ရဲ့ ချန်ပီယံလည်း ဖြစ်ပါတယ်။ ပြိုင်ပွဲကို (၂၈)ရက်နေ့မှာ အဆုံးသတ်မှာ ဖြစ်ပြီး (၁၄)ရက်ကြာမြင့် ပါတယ်။
|