DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
မြန်မာ့အားကစား
မြန်မာ့အလင်းသတင်းစာက မြန်မာအသင်း အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတဲ့အပေါ်မှာ နည်းပြ ဦးဆန်းဝင်းကို ပြစ်တင်ဝေဖန်
ဆင်ဟွာ - ဇန်န၀ါရီ ၁၈၊ ၂၀၀၇

မြန်မာ့အလင်းသတင်းစာရဲ့ ဆောင်းပါးတစ်ပုဒ်မှာ အာစီယံချန်ပီယံရှစ် ပြိုင်ပွဲအုပ်စုအဆင့်ကနေ အိမ်ပြန်ခဲ့ရတဲ့ အပေါ်မှာ နည်းပြ ဦးဆန်းဝင်းကို ပြစ်တင် ဝေဖန်လိုက်တယ်လို့ ဆင်ဟွာသတင်း တရပ်မှာ ဖော်ပြထားပါတယ်။

မြန်မာ့အလင်း သတင်းစာပါ ဆောင်းပါးမှာ “မြန်မာအသင်းဟာ ဆီးမီးဖိုင်နယ်ကို တက်ရောက် ဖို့အတွက် အခွင့်အရေးကောင်းတွေ ရှိနေပေမယ့် နည်းပြရဲ့ ဖိလစ်ပိုင်နဲ့ပွဲမှာ ထုတ်တဲ့ လူစာရင်း အမှားကို အချိန်မီ ပြင်ဆင်နိုင်ခြင်း မရှိခြင်းနဲ့ နည်းစနည်းပို

င်းမှာ အပြောင်းအလဲ မလုပ်ခဲ့လို့ ရှုံးရတာ ဖြစ်ကြောင်း ဝေဖန် ထားပါတယ်”

ယင်းဆောင်းပါမှာ “မြန်မာအသင်းဟာ ဖိလစ်ပိုင်အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ နိုင်ရင်တောင့် နောက်ဆုံး (၄)သင်း စာရင်း ၀င်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီပွဲမှာ ကစားသမားတွေဟာ ဂိုးရရေးအတွက် စုစုစည်းစည်း မကစားဘဲ တကိုယ်ကောင်းဆန်စွာ တစ်ဦးခြင်း အစွမ်းနဲ့ ထိုးဖောက်ခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲမှာ ဂိုးသွင်းခွင့် အကြိမ်ကြိမ် ရပေမယ့် တိုက်စစ်မှူး ရန်ပိုင် အဆုံးသတ် မသေချာခဲ့လို့ အခွင့်အရေးတွေ ဆုံးရှုံးရကြောင်း ရေးသား ထားပါတယ်”

ဆောင်းပါးရှင်က မြန်မာအသင်းရဲ့ သေချာပေါက် ဂိုးတွေကို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တဲ့ ဖိလစ်ပိုင် ဂိုးသမားကိုလည်း ချီးကျုး ထားပါတယ်။

ပြီးခဲ့တဲ့ (၅)ကြိမ်မြောက် အာစီယံတိုက်ဂါးဖလား ပြိုင်ပွဲမှာ မြန်မာက ဖိလစ်ပိုင်ကို အုပ်စုအ ဆင့်မှာ တစ်ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့ပါတယ်။ ယခုပြိုင်ပွဲဟာ တိုက်ဂါးဖလားပြိုင်ပွဲကို အာစီယံ ချန်ပီယံရှစ် ပြိုင်ပွဲအဖြစ် ပထမဆုံးအကြိမ် နာမည်ပြောင်းထားတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။

ယင်းပြိုင်ပွဲကို ယခင်က တိုက်ဂါးကုမ္မဏီက တာဝန်ယူ ဆောင်ရွက်ပေးခဲ့ပေမယ့် ယခုအကြိမ် မှာ တာဝန်ယူနိုင်ခြင်း မရှိတော့တဲ့အတွက် အာစီယံဘောလုံးအဖွဲ့ချုပ်က ပြောင်းလဲ တာဝန် ယူပြီး ကျင်းပခြင်း ဖြစ်ပါတယ်။ တိုက်ဂါးဖလားပြိုင်ပွဲကို ၁၉၉၆မှာ စတင်ခဲ့ပြီး ယခုအကြိမ်နဲ့ ပါဆို (၆) ကြိမ်မြောက် ဖြစ်ပါတယ်။

ယခုအာစီယံ ချန်ပီယံရှစ်ပြိုင်ပွဲကို ထိုင်းနဲ့ စင်္ကာပူတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံခဲ့ပြီး အုပ်စု (၂)စု ခွဲကာ ယှဉ်ပြိုင် ခဲ့ပါတယ်။ အုပ်စု (က) မြန်မာ၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင် အုပ်စု (ခ)မှာ စင်္ကာပူ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ လာအိုတို့ ပါဝင်ပါတယ်။

ဆီးမီးဖိုင်နယ်ကို တွေ့ဆုံရမယ့် အသင်းတွေက ထိုင်းနဲ့ ဗီယက်နမ်၊ စင်္ကာပူနဲ့ မလေးရှားတို့ ဖြစ်ပြီး အိမ်ကွင်း အဝေးကွင်း အပြန်အလှန်စနစ်ဖြင့် ကစားရမှာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ် ပွဲစဉ်များကို (၂၃)၊ (၂၄)၊ (၂၇)၊ (၂၈)၊ တတိယလုပွဲကို (၃၁)ရက်၊ ဗိုလ်လုပွဲကို ဖေဖေါ်ဝါရီ (၄)ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။


မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါး