ထိုင်းနဲ့ စင်္ကာပူတို့က လာမယ့် ဇန်န၀ါရီ (၁၂)ရက်နေ့မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာစီယံ ချန်ပီယံရှစ် ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်းရဲ့ အပြီးသတ် (၂၂) ဦး စာရင်းကို ရွေးချယ် လိုက်ပါတယ်။
ယခုရွေးချယ်လိုက်တဲ့ ကစားသမား စာရင်းမှာ မာဒေးကား ချန်ပီယံအသင်းမှ (၁၅)ဦး ပြန် လည် ပါဝင်ခဲ့ပါတယ်။ မြန်မာအသင်းဟာ အိမ်ရှင်ထိုင်းနဲ့အတူ အုပ်စု (က)မှာ ပါဝင်ပြီး မလေး ရှား၊ ဖိလစ်ပိုင်တို့နဲ့ တစ်အုပ်စုတည်း ကျပါတယ်။ အုပ်စု (ခ)မှာ အိမ်ရှင် စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ လာအိုတို့ ပါဝင် ပါတယ်။
အုပ်စုပတ်လည် ပြိုင်ပွဲများကို ထိုင်းနဲ့ စင်္ကာပူတို့မှာ ပြုလုပ်မှာဖြစ်ပြီး ဆီးမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲ စဉ်များကို အိမ်ကွင်း၊ အဝေးကွင်းစနစ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ယင်းပြိုင်ပွဲကို ယခင်က တိုက်ဂါးဖလား ဘောလုံးပြိုင်ပွဲလို့ နာမည်တွင်ပေမယ့် ကုမ္မဏီက စပွန် ဆာ မပေးတော့တဲ့အတွက် အာစီယံ ဘောလုံးအဖွဲ့ချုပ်က နာမည်ပြောင်းပြီး လွဲပြောင်း ယူခဲ့ ခြင်း ဖြစ်ပါတယ်။ တိုက်ဂါးဖလားပြိုင်ပွဲကို ၁၉၉၆ကနေ ၂၀၀၄ အထိ ပုံမှန် (၂)နှစ်တစ်ကြိမ် ကျင်းပခဲ့ပါတယ်။
ဗိုလ်စွဲအနိုင်ရတဲ့ အသင်းဟာ အမေရိကန်ဒေါ်လာ (၁)သိန်း၊ ဒုတိယအသင်းဟာ ဒေါ်လာ (၅) သောင်း၊ ပူးတွဲ တတိယရတဲ့ အသင်း (၂)သင်းဟာ ဒေါ်လာ (၁)သောင်း ခွဲစီ ရရှိမှာ ဖြစ်ပါ တယ်။
မြန်မာ့ လက်ရွေးစင်အသင်းရဲ့ ကစားသမား စာရင်း-
နည်းပြ - ဦးဆန်းဝင်း၊ ဦးကြည်လွင်
ဂိုး - အောင်အောင်ဦး၊ ကိုကိုအောင်၊ ကျော်ဇင်ထက်
နောက်တန်း - မင်းသူ၊ မိုးဝင်း၊ ဇော်လင်းထွန်း၊ ခင်မောင်လွင်၊ ဇော်ထက်အောင်၊ အေးဆန်း၊
ကျော်ခိုင်ဝင်း
အလယ်တန်း - ခင်မောင်ထွန်း၊ အောင်မျိုးသန့်၊ အောင်မြင့်အေး၊ ကျော်သူရ၊ စိုးသီဟအောင်၊
စိုးမြတ်မင်း၊ ရာဇ၀င်းသိန်း၊ မျိုးမင်းထွန်း
ရှေ့တန်း - စည်သူဝင်း၊ ရန်ပိုင်၊ လှအေးထွေး |