DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
အာရှအားကစား
ဆီမီးဖိုင်နယ်ပထမအကျော့မှာ ဗီယက်နမ်ကို ထိုင်း (၂)ဂိုး ပြတ်နိုင်ပြီး စင်္ကာပူနဲ့ မလေးတို့ တစ်ဂိုးစီနဲ့ သရေကျ
အေဂျင်စီသတင်းများ - ဇန်န၀ါရီ ၂၅၊ ၂၀၀၇

ယမန်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ အာစီယံချန်ပီယံရှစ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်တွေမှာ အိမ်ရှင် ဗီယက်နမ်ကို ထိုင်းက (၂)ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့ပြီး စင်္ကာပူနဲ့ မလေးရှားကတော့ တစ်ဖက် တစ်ဂိုးစီနဲ့ သရေကျ ခဲ့ပါတယ်။

ထိုင်းအသင်းရဲ့ အဖွင့်ဂိုးကို ပထမပိုင်း (၂၇)မိနစ်မှာ ကိုက် (၃၀)အကွာကနေ ဖရီးကစ်မှ တ ဆင့် ဒါစခွန်က သွင်းယူခဲ့ခြင်း ဖြစ်ပါတယ်။ ဒုတိယ အနိုင်ဂိုးကို ဗီယက်နမ် နောက်ခံလူတွေ ဘောလုံး ရှင်းထုတ်တာ မသေချာတဲ့ အမှားကနေ ပီပက်က မိနစ် (၈၀)မှာ သွင်းယူ ခဲ့ပါတယ်။

ဗီယက်နမ်အသင်းဟာ ပထမပိုင်းပြီးကာနီးမှာ ပင်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့ပေမယ့် တိုက်စစ် မှူး ဖန်သန်ဗင် ဂိုးပေါက် လွဲခဲ့ပါတယ်။ ဗီယက်နမ်အသင်းဟာ အိမ်ရှင်ဖြစ်ပေမယ့် ကစားကွက် ရော၊ ခြေစွမ်းမှာပါ ထိုင်းအသင်းကို ကောင်းကောင်း မယှဉ်နိုင်ခဲ့ ပါဘူး။

ထိုပွဲမှာ ထိုင်းအသင်းဟာ အဝေးကွင်း ဖြစ်ပေမယ့် တည်တည်ငြိမ်ငြိမ်ပဲ ကစားကွက်ဖော်ပြီး ဖိအားပေး နိုင်ခဲ့ပါတယ်။ ထိုင်းအသင်း ကစားတာ လျင်မြန်ပြီး တန်ပြန် တိုက်စစ်ကနေ အများဆုံး ထိုးဖောက်ခဲ့ပါတယ်။

ယင်းပွဲမှာ ဗီယက်နမ် အသင်းကစားတာ နည်းကွေးပြီး မကြာခဏ လူပေးမှား ခဲ့ပါတယ်။ တိုက်စစ်မှူးတွေလည်း အဆုံးသတ် ဂိုးသွင်း မသေချာခဲ့သလို ထိုင်းနောက်တန်းကလည်း တောင့်တင်းပါတယ်။ ပရိတ်သတ်ပေါင်း (၄၀,၀၀၀) လောက် လာရောက် အားပေးခဲ့ ပါတယ်။

ဒုတိယအကျော့ ပွဲစဉ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မှာ လာမယ့် (၂၈)ရက်နေ့မှာ ပြုလုပ်မှာ ဖြစ် ပါတယ်။

အခြား ဆီမီးဖိုင်နယ် ပွဲစဉ်မှာ အိမ်ရှင် မလေးရှားဟာ စင်္ကာပူအသင်း နဲ့ တစ်ဂိုးစီနဲ့ သရေကျခဲ့ ပါတယ်။

အိမ်ရှင် မလေးရှားဟာ ပထမပိုင်းမှာ ပွဲစဉ်ကို အများဆုံး ထိန်းချုပ် ကစားနိုင်ပေမယ့် ဂိုးသွင်း နိုင်ခဲ့ခြင်း မရှိပါဘူး။

အဖွင့်ဂိုး စင်္ကာပူအသင်းက ဒုတိယပိုင်း (၄၉)မိနစ်မှာ စတင်သွင်းယူ နိုင်ခဲ့ပေမယ့် နောက် (၈)မိနစ် အကြာမှာ မလေးရှားတိုက်စစ်မှူး ဟာဒီ ဂျာဖာရဲ့ ချေပဂိုး ပြန်သွင်းတာကို ခံခဲ့ရ ပါတယ်။

ပွဲပြီးဖို့ မိနစ်ပိုင်း အလိုမှာ စင်္ကာပူ ကစားသမား အယ်ဒီ အစ်စ်ကန်တာဟာ (၂)၀ါ (၁)နီနဲ့ အထုတ်ခံခဲ့ ရပါတယ်။

ဒုတိယအကျော့ ပွဲစဉ်ကို လာမယ့် (၂၇)ရက်နေ့မှာ စင်္ကာပူရဲ့ အမျိုးသား အားကစားကွင်းမှာ ကျင်းပဖို့ ရှိပါတယ်။

ယခင်က တိုက်ဂါးဖလားလို့ အမည်တွင်ခဲ့ပြီး ယခု အာစီယံချန်ပီယံရှစ်လို့ နာမည် ပြောင်း ထားတဲ့ ပြိုင်ပွဲကို ပထမဆုံး အကြိမ်အဖြစ် ထိုင်းနဲ့ စင်္ကာပူတို့က အိမ်ရှင်အဖြစ် ဇန်န၀ါရီ (၁၂)ရက်နေ့ကနေ ဖေဖေါ်ဝါရီ (၄)ရက်နေ့အထိ လက်ခံကျင်းပဖို့ တာဝန်ယူ ထားပါတယ်။

ယင်းပြိုင်ပွဲကို ၁၉၉၆ ကနေစပြီး (၂)နှစ် တစ်ကြိမ် ပုံမှန် ကျင်းပခဲ့ပါတယ်။ ယခုပြိုင်ပွဲကို အုပ်စု နှစ်စုခွဲပြီး ကျင်းပခဲ့ရာ အုပ်စု (အေ)မှာ ထိုင်း၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင် အုပ်စု (ဘီ)မှာ စင်္ကာပူ၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ လာအိုတို့ ပါဝင် ပါတယ်။ လက်ရှိ ချန်ပီယံကတော့ စင်္ကာပူ ဖြစ်ပါတယ်။


မလေး တိုက်စစ်မှူးရဲ့ ထိုးဖောက်မှုကို စင်္ကာပူ ဂိုးသမား
ကာကွယ်ဖို့ ကြိုးစားစဉ်