ယမန်နေ့က ကစားခဲ့တဲ့ အာစီယံချန်ပီယံရှစ်ပြိုင်ပွဲ အဖွင့်ပွဲမှာ မာဒေးကားချန်ပီယံ မြန်မာအသင်းက အိမ်ရှင် နာမည်ကြီး ထိုင်းအသင်းနဲ့ တစ်ဖက်တစ်ဂိုးစီနဲ့ သရေဖြစ်ခဲ့ပြီး မလေးရှားအသင်းက ဖိလစ်ပိုင်းကို (၄)ဂိုး (၁)ဂိုးနဲ့ နိုင်ခဲ့ပါတယ်။
ဦးဆောင်ဂိုးကို မြန်မာအသင်းက ပထမပိုင်း (၂၅)မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ တဆင့် နောက်ခံလူ မင်းသူရဲ့ ညာတောင်ပံက ဖြတ်တင်ဘောကို တိုက်စစ်မှူး စည်သူဝင်းက ခေါင်းတိုက်သွင်းခဲ့ပါတယ်။ ထိုနေ့ပွဲမှာ ထိုင်း အသင်းဟာ မြန်မာအသင်းဖက်ကို အကြိမ်ကြိမ်ထိုးဖောက် တိုက်စစ်နိုင်ခဲ့သလို ဂိုးသွင်းခွင့်တွေလည်း အကြိမ် ကြိမ် ရခဲ့ပါတယ်။
မြန်မာဂိုးသမား အောင်အောင်ဦး ထိုင်းအသင်းရဲ့ ကန်သွင်းချက်တွေကို လက်စွမ်းပြကာကွယ် နိုင်ခဲ့ပါတယ်။ မြန်မာဘောလုံးသမားတွေဟာ ယနေ့ပွဲမှာ ပထမပိုင်းမှာ ရဲရဲတင်းတင်းပဲ ယုံကြည်မှုအပြည့်နဲ့ ကစားခဲ့ပါတယ်။ ထိုင်းအသင်းရဲ့ ချေပဂိုးကို ပွဲပြီးဖို့မိနစ်အနည်းငယ် အလိုမှာ ဆန်ချို နတ်တန်က သွင်းယူ ခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ဂိုးသမား အောင်အောင်ဦး လက်မှာ ဒဏ်ရာရခဲ့ပြီး ကစားအားချခဲ့တဲ့အတွက် ထိုင်းအသင်းက ချေပဂိုး သွင်းယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အောင်အောင်ဦးအစား အရန်ဂိုးသမား ကျော်ဇင်ဦးနဲ့ အစားထိုး ခဲ့ပါ တယ်။
ထိုင်းအသင်းနည်းပြ ချန်ဝှစ်က “ဒီပွဲဟာ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ပွဲဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အမှားတစ်ခုကနေ မြန်မာ အဖွင့်ဂိုး ရသွားတာပါ။ ကျနော်တို့ အခွင့်အရေးတွေ အများကြီး ရခဲ့သလို အသင်းလိုက် စိတ်ဓါတ် ကောင်းမွန်မှုကိုလည်း ပြနိုင်ခဲ့ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
၎င်းက ဆက်လက်ပြီး “ကျနော်တို့ ကန်သွင်းခွင့် (၁၃)ကြိမ်လောက် ရပေမယ့် ဂိုးသမား ကာကွယ် နိုင်ခဲ့ပါတယ်။ ကျနော်သာဆို ဒီပွဲမှာ မြန်မာဂိုးသမားကို အကောင်းဆုံး ကစားနိုင်တဲ့ ကစားသမားဆု ချီးမြှင့်ခြင်ပါတယ်။ ဒုတိယပိုင်းမှာ နည်းစနည်းပိုင်း အပြောင်းအလဲ လုပ်ခဲ့ပါတယ်။ ခြုံပြောရရင်တော့ ကျနော်တို့အသင်း ကစားပုံ ကောင်း ပါတယ်” လို့ ပြောပါတယ်။
မြန်မာနည်းပြ ဦးဆန်းဝင်းက “ဒီရလဒ်အပေါ်မှာ ကျေနပ်ပါတယ်။ ဒီပွဲဟာ ပွဲကောင်းတစ်ပွဲ ဖြစ်ပါတယ်။ ကျနော် တို့ အကောင်းဆုံး အနေအထားနဲ့ ကစားနိုင် ခဲ့ပါတယ်” လို့ ပြောပါတယ်။ အုပ်စု (က) အုပ်စုတူဖြစ်တဲ့ နောက်ပွဲ စဉ်မှာ မလေး ရှားက ဖလစ်ပိုင်ကို (၄)ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး ပွဲဦးထွက် (၃)မှတ် ရသွားပါတယ်။
လာမယ့် (၁၄)ရက်နေ့ ပွဲစဉ်များမှာ အုပ်စု (က)မှ မြန်မာနဲ့ မလေးရှား၊ ထိုင်းနဲ့ ဖိလစ်ပိုင်တို့ တွေ့ဆုံမှာ ဖြစ်ပါ တယ်။ အုပ်စု (ခ) ပထမပွဲစဉ်များကို ယနေ့ ကစားမှာဖြစ်ပြီး အင်ဒိုနီးရှားနဲ့ လာအို၊ စင်္ကာပူနဲ့ ဗီယက်နမ်တို့ အသီး သီး ကစားကြမှာ ဖြစ်ပါတယ်။
အုပ်စုပွဲစဉ်များကို ထိုင်းနဲ့ စင်္ကာပူတို့ အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်များကို အိမ်ကွင်း အဝေးကွင်း အပြန်အလှန်စနစ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲရဲ့ ပထမအကျော့ပွဲစဉ်ကို ဇန်န၀ါရီ (၃၁)ရက်နေ့မှာ ကစားရမှာဖြစ်ပြီး ဒုတိယအကျော့ကို ဖေဖေါ်ဝါရီ (၄)ရက်နေ့မှာ ကစားမှာ ဖြစ်ပါတယ်။
|

အာစီယံ ဘောလုံးအဖွဲ့ချုပ်လိုဂို
ပွဲစဉ် အချိန်ဇယား
၁၃၊ ၁ ၊ ၂၀၀၇
အင်ဒိုနီးရှား - လာအို (၁၇း၃၀)
၁၄၊ ၁၊ ၂၀၀၇
မလေးရှား - မြန်မာ (၁၆း၃၀)
ထိုင်း - ဖိလစ်ပိုင် (၁၉း၃၀)
၁၅၊ ၁၊ ၂၀၀၇ -
ဗီယက်နမ် - အင်ဒိုနီးရှား (၁၇း၃၀)
စင်္ကာပူ - လာအို (၁၉း၃၀)
၁၆၊ ၁၊ ၂၀၀၇
မြန်မာ - ဖိလစ်ပိုင် (၁၉း၀၀)
ထိုင်း - မလေးရှား (၁၉း၀၀)
|