DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
အာရှအားကစား
တရုတ် ဘယ်နောက်ခံလူ ဆန်ဇီယိုင်းကို ပီအက်စ်ဗွီက (၆)လ အငှားနဲ့ ခေါ်ယူ
အေအက်ဖ်ပီ - ဇန်န၀ါရီ ၉၊ ၂၀၀၆

ဟော်လန်ကလပ် ပီအက်စ်ဗွီက တရုတ်လက်ရွေးစင် ဆန်ဇီယိုင်းကို (၆)လ အငှားစာချုပ်နဲ့ ခေါ်ယူမှာဖြစ်ကြောင်း ကြေညာ လိုက်ပါတယ်။

ရှန်ဟိုင်း ရှန်ဟွာကလပ်အသင်းမှာ ဘယ်နောက်ခံလူ ဆန် ဇီယိုင်းကို ပီအက်စ်ဗွီက လက်ကျန်ရာသီ တ၀က်အတွက် အငှားနဲ့ ခေါ်ယူခြင်းဖြစ်ပြီး ခြေစွမ်းပြ ကစားနိုင်ပါက အမြဲတမ်း စာချုပ်နဲ့ ခေါ်ယူမှာ ဖြစ်တယ်လို့ ချိုင်းနားဒေးလီ သတင်းစာက ပီအက်စ်ဗွီ နည်းစနစ် မန်နေဂျာ စတန် ဗက်ကက်ရဲ့ ပြောဆိုချက်ကို ကိုးကား ဖော်ပြ ခဲ့ပါတယ်။

တိုင်တန် အားကစား သတင်းစာရဲ့ အဆိုအရ ဆန်ရဲ့ အေးဂျင့်ဖြစ်သူဟာ အပြောင်းအရွေ့အတွက် အပြီးသတ် ညှိနိုင်းနေပြီး ပြောင်းရွေ့ကြေးကို ယူရို (၁.၃)သန်း သတ်မှတ် ထားပါတယ်။ ဆန်ဇီယိုင်းရဲ့ (၆)လစာ လုပ်ခကို အမေရိကန်ဒေါ်လာ (၂၀၀,၀၀၀) ဖြစ်ပါတယ်။

အသက် (၂၄)နှစ်ရှိ ဆန်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာက အမွှာညီကိုဖြစ်တဲ့ ဆန်ဂျီနဲ့အတူ ပီအက်စ်ဗွီမှာ လေ့ကျင့်ခဲ့ပါတယ်။ တရုတ် အသင်းခေါင်းဆောင် ဇန်ဇီ ပြီးခဲ့တဲ့ ဒီဇင်ဘာက ပရီး မီးယားကလပ် ချာလ်တန်ကို ရောက်ရှိပြီးနောက် ဆန်ဇီယိုင်းဟာ ပြည်ပကလပ်အသင်းကို ခြေကျတဲ့ ဒုတိယမြောက် တရုတ် ကစားသမား ဖြစ်ပါတယ်။


ဂိုးသွင်းအပြီး အောင်ပွဲခံနေတဲ့ ဆန်ဇီယိုင်း (ယာ)