ယူအီးအက်ဖ်အေ ရှုံးထွက်အဆင့် (၃၂)သင်းရဲ့ ပွဲစဉ်များကို ယမန်နေ့က ထုတ်ပြန်ခဲ့ရာ တော့တင်ဟမ်အသင်းက ဟော်လန်ကလပ် ဖေယင်နုနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။
တော့တင်ဟမ်အသင်းဟာ ဖေယင်နုနဲ့ ရင်ဆိုင်ရမှာ ဖြစ်တဲ့အတွက် ပွဲကျပ်သလို ဘလက် ဘန်းဟာလည်း ဂျာမန်ကလပ် လေဗာကူဆင်နဲ့ တွေ့မှာမို့ မချောင်လှပါဘူး။ နယူးကာဆယ် ကတော့ ဘယ်ဂျီယံကလပ် ဇူတီ ၀ါရီဂမ်နဲ့ ကစားရမှာမို့ ပွဲချောင်ပါတယ်။
ပထမအကျော့ပွဲစဉ်များကို ဖေဖေါ်ဝရီ (၁၄)ရက်၊(၁၅)ရက်နဲ့ (၂၂)ရက် နေ့များမှာ ပြုလုပ် မှာဖြစ်ပြီး ဒုတိယအကျော့ ပွဲစဉ်များကို မတ်လ (၈)ရက်၊ (၁၄)ရက်နဲ့ (၁၅)ရက်များမှာ ကျင်းပ သွားမှာ ဖြစ်ပါတယ်။
ယခုရှုံးထွက် (၃၂)သင်း စာရင်းမှာ ယူအီးအက်ဖ်အေ အုပ်စုပွဲစဉ်များမှာ ပထမ၊ ဒုတိယနဲ့ တတိယ ရတဲ့အသင်းများအပြင် ချန်ပီယံလိဂ်က ပြုတ်လာတဲ့ အသင်းတွေလည်း ပါဝင်မှာ ဖြစ် ပါတယ်။
ရှုံးထွက် (၃၂) သင်း စာရင်းမှာ -
ဇာတီ ၀ါရီဂမ် - နယူးကာဆယ်
ဘရပ်ဂါ - ပါမား
လန်းစ် - ပနာသီယာကို့စ်
လေဗာကူဆင် - ဘလက်ဘန်း
ဟေပို တယ် အဗစ် - ရိန်းဂျား
လီဗော်နို - အက်စ်ပန်ညို
ဖေယင်နု - တော့တင်ဟမ်
ဖာနာဘာချီ - အေဇက် အယ်ကာမာ
ဝါဒါဘရီမင် - အေဂျက်
စပါတပ် မော်စကို - မက်ကာဘီ ဟိုင်ဖာ
အေအီးကေ အေသင် - ပီအက်စ်ဂျီ
ဘင်နီဖီကာ - ဒိုင်နမို ဘူခါရတ်
ဘူခါရတ် - ဆယ်ဗီလာ
ရှာတာ - နန်စီ
ဘိုးဒေါ့ဖ် - အိုဆာဆူနာ
|