DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
မြန်မာ့အားကစား
ဂရင်းရွိင်ရယ် ဗိုလ်လုပွဲမှာ မြန်မာ့လက်ရွေးစင်အသင်းက ယူ(၂၃)ကို အနိုင်ရပြီး ထပ်မံ ဗိုလ်စွဲ
MFF - ဒီဇင်ဘာ ၂၄၊ ၂၀၀၆

ယမန်နေ့က မန္တလေးမြို့ ဗထူးကွင်းမှာ ပြုလုပ်ခဲ့တဲ့ (၄)နိုင်ငံ ဂရင်းရွိင်ရယ် ဖိတ်ခေါ်ဘော လုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ မြန်မာ့လက်ရွေးစင် အသင်းကြီးက မြန်မာယူ (၂၃)ကို (၃)ဂိုး (၂)ဂိုးနဲ့ အနိုင်ရပြီး ဒုတိယအကြိမ်မြောက် ချန်ပီယံဖြစ်ခဲ့ပါတယ်။

ဦးဆောင်ဂိုးကို ပွဲအစ (၃)မိနစ်မှာ မြန်ယူယူ (၂၃)က လှအေးထွေးက သွင်းယူပေးခဲ့ပြီး လက်ရွေးစင်အသင်းအတွက် ချေပဂိုးကို ဒုတိယပိုင်းမှာ ယူ (၂၃)က နောက်တန်း ထူးကျော် ဘောလုံးရှင်းထုတ်ရာမှာ ကိုယ့်ဂိုး ကိုယ်သွင်းမိရာကနေ ရရှိခဲ့ပါတယ်။ လက်ရွေးစင်အသင်းမှာ အောင်မျိုးသန့်မှာ ပထမပိုင်း(၃၇)မိနစ်မှာ (၂)၀ါ တစ်နီနဲ့ အထုတ်ခံ ခဲ့ရပါတယ်။

ချေပဂိုးပေးလိုက်ရပြီးနောက် ယူ (၂၃)ဟာ တိုက်စစ်မှူး ရာဇာဝင်းသိန်းက ဒုတိယဂိုး ထပ်မံ သွင်းယူ နိုင်ခဲ့ပေမယ့် လက်ရွေးစင်အသင်းက အောင်မြင့်အေးက အမှတ်မထင် အဝေးကန် ဘောဖြင့် ဒုတိယချေပဂိုး ရခဲ့ပါတယ်။ လက်ရွေးစင်အသင်းဟာ အတွေ့အကြုံ ရှိတဲ့အသင်းပီပီ တစ်ယောက်အလျော့နဲ့ ကစားနေရပေမယ့် ကစားအား ပျက်မသွားဘဲ ထိန်းကစား နိုင်ခဲ့ ပါတယ်။

လက်ရွေးစင်အသင်းအတွက် အနိုင်ဂိုးကို ကျော်သီဟရဲ့ တကိုယ်တော့ ထိုးဖောက်မှုနဲ့ သွင်းယူ ခဲ့ပါတယ်။ ယင်းပွဲအတွက် အကောင်းဆုံးကစားသမားဆုကို ယူ (၂၃)မှ ရာဇာဝင်းသိန်းက ရခဲ့ ပါတယ်။

ယခုပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်များမှာ လက်ရွေးစင်အသင်းကြီးဟာ (၃)ပွဲကစား၊ (၂)ပွဲ နိုင်၊ (၁)ပွဲရှုံး (၆)မှတ်နဲ့ အုပ်စုဗိုလ်ဖြစ်ခဲ့ပြီး ယူ (၂၃)ကတော့ (၃)ပွဲကစား၊ (၁)ပွဲနိုင်၊ (၁)ပွဲသ ရေ၊ (၁)ပွဲ ရှုံးနဲ့ (၄)မှတ်နဲ့ မလေးရှားယူ (၂၃)နဲ့ ရမှတ် တူခဲ့ပေမယ့် ရဂိုးကွာ ခြားချက်ကြောင့် အုပ်စုက ကျွတ်ခဲ့ပါတယ်။

ဗိုလ်စွဲခဲ့တဲ့ မြန်မာ့လက်ရွေးစင်အသင်းကြီးမှာ ဆုကြေးငွေ အမေရိကန်ဒေါ်လာ (၁၅,၀၀၀) ရရှိမှာဖြစ်ပြီး ဒုတိယရတဲ့ ယူ (၂၃)က ဆုကြေးငွေ ဒေါ်လာ (၇,၅၀၀) ရရှိပါတယ်။ ပြိုင်ပွဲစဉ် တလျောက် အကောင်းဆုံး ကစားသမားဆု ဒေါ်လာ (၁၀၀၀)ကို ရာဇာဝင်းသိန်းက ရရှိခဲ့ ပါတယ်။

ယခုပြိုင်ပွဲဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်တုန်း ကလည်း မြန်မာ့လက်ရွေးစင် အသင်းကပဲ အနိုင်ရ ဗိုလ်စွဲထားပါတယ်။


မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း