DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
မြန်မာ့အားကစား
ဂရင်းရွိင်ရယ် ဖိတ်ခေါ်ဖလား ဗိုလ်လုပွဲကို မြန်မာဘောလုံး (၂)သင်းသာ တက်ရောက်နိုင်
အေဂျင်စီသတင်းများ - ဒီဇင်ဘာ ၂၂၊ ၂၀၀၆

ဂရင်းရွိင်ရယ် ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုပတ်လည် နောက်ဆုံးပွဲစဉ်မှာ မြန်မာယူ (၂၃)က လက်ရွေးစင်အသင်းကြီးကို (၃)ဂိုး (၂)ဂိုးနဲ့ ရှုံးပေမယ့် မလေးယူ (၂၃)နဲ့ အင်ဒိုနီးရှားယူ (၂၃)တို့ တစ်ဖက် တစ်ဂိုးစီနဲ့ သရေဖြစ်သွားတဲ့အတွက် ဗိုလ်လုပွဲကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။

ဗိုလ်လုပွဲမှာ မြန်မာယူ (၂၃)နဲ့ မာဒေးကား ချန်ပီယံ မြန်မာ့လက်ရွေးစင် အသင်းတို့ ယှဉ်ပြိုင် ကြရမှာ ဖြစ်ပါတယ်။ ယင်းပွဲကို မနက်ဖြန်မှာ မန္တလေးမြို့ရှိ ဗထူးကွင်းမှာ ပြုလုပ်မှာ ဖြစ်ပါ တယ်။

မြန်မာယူ (၂၃)သင်းဟာ (၃)ပွဲကစား တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးဖြင့် မလေးယူ (၂၃) အသင်းနဲ့ ရမှတ် (၄)မှတ်ခြင်း တူသော်လည်း ရဂိုး ကွားခြားချက်ကြောင့် ဗိုလ်လုပွဲကို တက် ရောက် သွားခြင်း ဖြစ်ပါတယ်။ မြန်မာယူ (၂၃)အသင်းရဲ့ သွင်းဂိုးက (၃)ဂိုး ဖြစ်ပြီး မလေးယူ (၂၃)ရဲ့ သွင်းဂိုး (၂)ဂိုးသာ ရှိပါတယ်။

မြန်မာ့ လက်ရွေးစင်အသင်းကြီးက အုပ်စုပတ်လည် ပွဲတွေမှာ အင်ဒိုယူ (၂၃)နဲ့ မြန်မာယူ (၂၃) တို့ကို နိုင်ပြီး မလေးယူ (၂၃)ကို ရှုံးပြီး ရမှတ် (၆)မှတ်နဲ့ ဗိုလ်လုပွဲ တက်သွားခြင်း ဖြစ်ပါ တယ်။

လက်ရွေးစင်အသင်းကြီးရဲ့ အဖွင့်ဂိုးကို မိနစ် (၂၀)မှာ ရန်ပိုင်က အနီးကပ် ခေါင်တိုက်သွင်း ယူခဲ့ပြီး ဒုတိယဂိုးနဲ့ အပိတ်ဂိုးကို အသင်းခေါင်းဆောင် စိုးမြတ်မင်း တစ်ဦးတည်းကပဲ သွင်းယူ ခဲ့ပါတယ်။ ယူ (၂၃)ရဲ့ ချေပဂိုးတွေကို ပိုင်စိုးနဲ့ မျိုးမင်းထွန်းတို့က သွင်းခဲ့ပါတယ်။

ယင်းပွဲမှာ လက်ရွေးစင်အသင်းကြီးက ယူ (၂၃)အသင်းကို သမ္ဘာနဲ့ အတွေ့အကြုံ အပေါ် အ ခြေခံပြီး တဖက်သက် ဖိကစားသွား နိုင်ခဲ့ပါတယ်။ ယူ (၂၃)မှာ ဂိုးသမား ကျော်ဇင်မောင် လက် စွမ်းပြ နိုင်ခဲ့လို့သာ ဂိုးပြတ်နဲ့ မရှုံးနိမ့်ခြင်း ဖြစ်ပါတယ်။ ထိုပွဲရဲ့ အကောင်းဆုံး ကစားသမား ဆုကို လက်ရွေးစင် အသင်းရဲ့ တိုက်စစ်မှူး ရန်ပိုင် ရရှိခဲ့ပါတယ်။

ယခုကျင်းပတဲ့ ဂရင်းရွိင်ရယ် (၄)နိုင်ငံ ဖိတ်ခေါ်ဖလားပြိုင်ပွဲဟာ ဒုတိယအကြိမ်မြောက် ဖြစ်ပြီး ပထမအကြိမ်မှာ မြန်မာအသင်းပဲ ဗိုလ်စွဲထားပါတယ်။


မြန်မာ ယူ ၂၃ အသင်းသားများ