မန္တလေးမြို့မှာ ယမန်နေ့ကအထိ ကျင်းပနေတဲ့ ဒုတိယအကြိမ်မြောက် ဂရင်းရွိင်ရယ် ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲမှာ မြန်မာယူ (၂၃)အသင်းက တစ်ပွဲနိုင် တစ်ပွဲသရေနဲ့ (၄)မှတ်ရနေပြီး လက် ရွေးစင်အသင်းက တစ်ပွဲနိုင် တစ်ပွဲရှုံးနဲ့ (၃)မှတ် ရထားပါတယ်။
ဖိတ်ခေါ်ပြိုင်ပွဲမှာ မြန်မာယူ (၂၃)၊ မြန်မာ့ လက်ရွေးစင်အသင်း၊ မလေးရှားယူ (၂၃)အသင်းနဲ့ အင်ဒိုနီးရှားယူ (၂၃) အသင်း စုစုပေါင်း (၄)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ ကြပါတယ်။
ပထမနေ့ ပွဲစဉ်များကို ပြီးခဲ့တဲ့ (၁၇)ရက်နေ့မှာ ကျင်းပခဲ့ပြီး မြန်မာယူ (၂၃)က မလေးရှား အိုလံပစ်ယူ (၂၃)ကို (၁)ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့သလို မာဒေးကာ ချန်ပီယံ လက်ရွေးစင် အသင်း ကြီးကလည်း အင်ဒိုယူ (၂၃)ကို (၂)ဂိုး (၁)ဂိုးနဲ့ နိုင်ခဲ့ပါတယ်။
မြန်မာယူ (၂၃)သင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို မိနစ် (၇၀)မှာ မျိုးမင်းထွန်းက ကန်သွင်းယူ ခဲ့ပါတယ်။ မြန်မာ လက်ရွေးစင်အသင်းအတွက် အနိုင်ဂိုး (၂)ဂိုးစလုံးကို စိုးမြတ် မင်းက သွင်းယူခဲ့ပြီး အင်ဒိုရဲ့ ချေပဂိုးကို ဒုတိယပိုင်း ပွဲအစ (၁)မိနစ်မှာ ဖရီးကစ်ကနေ သွင်း ယူ ခဲ့ပါတယ်။
ယမန်နေ့က ပြုလုပ်ခဲ့တဲ့ ဒုတိယနေ့ ပွဲစဉ်များမှာ မြန်မာယူ (၂၃)ဟာ အင်ဒိုယူ (၂၃)နဲ့ ဂိုးမရှိ သရေ ဖြစ်ခဲ့ပြီး လက်ရွေးစင်အသင်းက မလေးယူ (၂၃)ကို တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့ပါတယ်။
အုပ်စု နောက်ဆုံးပွဲစဉ်များကို မနက်ဖြန်မှာ ဆက်လက် ကစားမှာဖြစ်ပြီး မြန်မာယူ (၂၃)နဲ့ လက်ရွေးစင်အသင်း၊ မလေးယူ (၂၃)နဲ့ အင်ဒိုယူ (၂၃)တို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ လက်ရှိ မှာ မြန်မာယူ (၂၃)က (၄)မှတ်၊ လက်ရွေးစင်အသင်းကြီးက (၃)မှတ်၊ မလေးယူ (၂၃)က (၃)မှတ်နဲ့ အင်ဒိုယူ (၂၃)က (၁)မှတ်စီ အသီသီး ရရှိထားပါတယ်။
မြန်မာယူ (၂၃)အသင်းရဲ့ နည်းပြဟာ ကစားသမားဟောင်း ဦးတင်မြင့်အောင်ဖြစ်ပြီး လက် ရွေးစင်အသင်းကြီးရဲ့ နည်းပြကတော့ ဦးဆန်းဝင်း ဖြစ်ပါတယ်။ ဗိုလ်လုပွဲကို လာမယ့် (၂၃) ရက်နေ့ မြန်မာစံတော်ချိန် (၃)နာရီခွဲမှာ ဗထူးကွင်းမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
ယမန်နှစ်က ပြုလုပ်တဲ့ ပထမဆုံးအကြိမ်အမြောက် ဂရင်းရွိင်ရယ် ပြိုင်ပွဲမှာ မြန်မာအသင်းက အနိုင်ရ ဗိုလ်စွဲထားပါတယ်။
|