ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပပြီးစီးသွားတဲ့ (၁၅)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့ဟာ ငွေနဲ့ ကြေးတံဆိပ်အပါအ၀င် စုစုပေါင်း ဆုတံဆိပ် (၁၁)ခု ရရှိခဲ့ပါ တယ်။
မြန်မာအားကစားအဖွဲ့ဟာ အမျိုးသားနဲ့ အမျိုးသမီးပြိုင်ပွဲ နှစ်ခုစလုံးမှ ငွေတံဆိပ် (၄)ခုနဲ့ ကြေး တံဆိပ် (၇)ခု ရရှိခဲ့ပါတယ်။ ငွေဆုတံဆိပ်ဆုများကို အမျိုးသား နှစ်ယောက်တွဲ ဘိလိယက် ပြိုင်ပွဲ၊ နှစ်ယောက်တွဲ ပိုက်ကျော်ခြင်း ပြိုင်ပွဲ၊ အမျိုးသမီး နှစ်ယောက်တွဲ ပိုက်ကျော်ခြင်း ပြိုင်ပွဲနဲ့ အမျိုးသမီး (၆၉)ကီလိုတန်း အလေးမ ပြိုင်ပွဲတို့မှာ ရရှိခဲ့ပါတယ်။
အမျိုးသား အားကစားသမားတွေ ရရှိခဲ့တဲ့ ကြေးတံဆိပ်ဆုများမှာ နှစ်ယောက်တွဲ (၄၂၀)တန်း ရွက်လှေပြိုင်ပွဲ၊ အသင်းလိုက် ပိုက်ကျော်ခြင်း၊ သုံးယောက်တွဲ ပိုက်ကျော်ခြင်း၊ တစ်ဦးခြင်း ၀ူရှုးပြိုင်ပွဲ တို့ဖြစ်ပြီး အမျိုးသမီး အားကစားမယ်တွေ ရရှိခဲ့တဲ့ အားကစား ပြိုင်ပွဲတွေကတော့ နှစ်ယောက်တွဲ (၄၂၀)တန်း ရွက်လှေ၊ သုံးယောက်တွဲ ပိုက်ကျော်ခြင်းနဲ့ အလေးမ (၆၃) ကီလို တန်းတို့မှာ ရရှိခဲ့ပါတယ်။
မြန်မာအားကစားအဖွဲ့ဟာ ယခု အာရှအားကစားပြိုင်ပွဲမှာ အားကစားနည်း (၇)မျိုးဖြစ်တဲ့ ရွက် လှေ၊ ၀ူရှုး၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ အလေးမ၊ ဘိလိယက်နဲ့ မြားပစ် ပြိုင်ပွဲတို့ကို အား ကစားသမားပေါင်း (၄၀)ဦးနဲ့ စေလွှတ် ယှဉ်ပြိုင်ခဲ့ပါတယ်။
မြန်မာ အားကစားအဖွဲ့ဟာ ၂၀၀၂ က တောင်ကိုရီးယားနိုင်ငံ ဘူဆန်မှာ ပြုလုပ်တဲ့ (၁၄)ကြိမ် မြောက် အာရှအားကစားပြိုင်ပွဲမှာ ရွှေတံဆိပ် (၁)ခု၊ ငွေ (၆)ခုနဲ့ ကြေး (၅)ခု ရရှိခဲ့ပြီး ယခုအ ကြိမ်ထက် ဆုအရေအတွက် သာပါတယ်။
ဒီဇင်ဘာလ (၁)ရက်နေ့က (၁၅)ရက်နေ့ အထိ ကျင်းပခဲ့တဲ့ အာရှအားကစားပြိုင်ပွဲကို နိုင်ငံ ပေါင်း (၄၅)နိုင်ငံက အားကစားနည်း (၃၉)မျိုးမှာ ၀င်ရောက် ယှဉ်ပြိုင်ကြပြီး တရုတ်က ရွှေတံ ဆိပ် (၁၆၄)ခု အပါအ၀င် ဆုတံဆိပ်ပေါင်း (၃၁၆)ခုနဲ့ ဆုတံဆိပ် အများဆုံး ရရှိခဲ့ပါတယ်။ တောင်ကိုရီးယားက ရွှေတံဆိပ် (၅၈)ခုနဲ့ စုစုပေါင်း (၁၉၃)ခုနဲ့ ဒုတိယ အဆင့်မှာ ရှိနေပြီး ဂျပန်က ရွှေ (၅၀)နဲ့ စုစုပေါင်း (၁၉၈)ခု ရရှိကာ တတိယအဆင့်မှာ ရပ်တည်နေပါတယ်။
အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ ရွှေတံဆိပ် (၁၃)ခု၊ ငွေ (၁၅)ခုနဲ့ ကြေးတံဆိပ် (၂၆)ခုနဲ့ စုစု ပေါင်း ဆုတံဆိပ်ပေါင်း (၅၄)ခု ရရှိပြီး အဆင့် (၅)နေရာမှာ ရပ်တည်နေပါတယ်။ မြန်မာက တော့ ဆုတံဆိပ်ပေါင်း (၁၁)ခုနဲ့ ဆုတံဆိပ် အမှတ်ပေးဇယားရဲ့ အဆင့် (၂၇)မှာ ရှိပါတယ်။
|