(၁၅)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီက (၇၅)ကီလိုတန်း အမျိုးသမီးအလေးမ ပြိုင်ပွဲမှာ ငွေတံဆိပ်ဆု ရရှိခဲ့တဲ့ မြန်မာအားကစားမယ် မြစန္ဒာဦးဟာ တားမြစ်ဆေး သုံးစွဲထားတာ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ယနေ့မှာ ထုတ်ပြန်လိုက် ပါတယ်။
ပြိုင်ပွဲအပြီး ဒီဇင်ဘာ (၅)ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဆီးစစ်ဆေးမှုမှာ မြစန္ဒာဦးရဲ့ ဆီးထဲမှာ အားကစားပြိုင်ပွဲတွေမှာ တားမြစ်တားတဲ့ ခွန်အားကို အဆမတန်တိုးစေတဲ့ အဲဖာမီသိုင်းဘီတာ အန်ဒိုစတင်း ဆေးဝါးတွေ ပါဝင်နေတာကို တွေ့ရှိခဲ့ပါတယ်။
အိုလံပစ်ကောင်စီက မြစန္ဒာဦးကို ဒုတိယအကြိမ် ထမ်မံစစ်ဆေးဦးမှာ ဖြစ်ပြီး အကယ်လို့ ဆေးစစ်တာ မအောင်မြင် ခဲ့ပါက ရထားပြီးသားဖြစ်တဲ့ ငွေတံဆိပ်ဆုကို လက်လွှတ်ရမှာ ဖြစ်တဲ့ အပြင် ဥပေဒေ စည်းမျဉ်းတွေအရ နိုင်ငံတကာ ပွဲတွေကနေ (၂)နှစ် အထိ အပယ်ခံရမှာ ဖြစ်ပါ တယ်။
အသက် (၂၉)နှစ်ရှိ မမြစန္ဒာဦးဟာ ဒုတိယအကြိမ် ဆေးစစ်မှုမှာ မအောင်မြင်ခဲ့ပါက ငွေတံဆိပ်ဆုကို တတိယဆုရခဲ့တဲ့ ကိုရီးယားက ကင်ဆွန်ကို လွဲပြောင်းပေးရမှာ ဖြစ်ပြီး တတိယဆု ဖြစ်တဲ့ ကြေးတံဆိပ်ကို အင်ဒိုနီရှားက ဆင်တာ ဒါမာရီယာနီက ရရှိမှာ ဖြစ်ပါတယ်။
ယခုပြိုင်ပွဲမှာ တားမြစ်ဆေးသုံးစွဲတာ စစ်ဆေးတွေ့ရှိတဲ့ မြန်မာအားကစား ကစားသမားတွေ ထဲမှာ မြစန္ဒာဦးဟာ ဒုတိယမြောက်ဖြစ်ပါတယ်။ ပထမဆုံး တားမြစ်ဆေး သုံးစွဲသူကတော့ (၄၈) ကီလိုတန်းက မကြည်ကြည်သန်း ဖြစ်ပြီး သူမရဲ့ ဆီးထဲမှာ ဒိုင်ရုတစ် လို့ခေါ်တဲ့ တားမြစ် ထား တဲ့ ခွန်အားတိုးစေတွေကို တွေ့ရှိခဲ့ပါတယ်။
တားမြစ်ဆေးသုံးစွဲခဲ့တဲ့အတွက် မကြည်ကြည်သန်းဟာ ယင်းပြိုင်ပွဲမှာ စတုတ္ထနေရာ ရခဲ့ပါ တယ်။ သူမဟာ ပြီးခဲ့တဲ့ ၁၉၉၇ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့ နိုင်ငံတကာပွဲ အလေးမ ပြိုင်ပွဲမှာ ရွှေတံဆိပ်ရခဲ့ပြီး ယမန်နှစ်က ဖိလစ်ပိုင်မှာ ပြုလုပ်တဲ့ အရှေ့တောင်အာရှ အားက စားပြိုင်ပွဲမှာ ငွေတံဆိပ် ရရှိခဲ့ဖူးပါတယ်။
၎င်းတို့နှစ်ယောက်နဲ့ ပက်သက်တဲ့ အစီရင်ခံစာကို နိုင်ငံတကာ အလေးမအဖွဲ့ချုပ်နဲ့ အာရှအိုလံပစ်ကောင်စီသို့ ပြိုင်ပွဲကျင်းပရေးကော်မတီက ပေးပို့ထားပါတယ်။
|