DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
မြန်မာ့အားကစား
အမျိုးသား နှစ်ယောက်တွဲ ဘိလိယက် ဗိုလ်လုပွဲမှာ ထိုင်းကိုရှုံးပြီး မြန်မာ ငွေတံဆိပ်သာရ
အေဂျင်စီသတင်းများ - ဒီဇင်ဘာ ၈၊ ၂၀၀၆

ယမန်နေ့က ပြုလုပ်ခဲ့တဲ့ အာရှအားကစားပြိုင်ပွဲရဲ့ နှစ်ယောက်တွဲ ဘိလိယက်ပြိုင်ပွဲ ဗိုလ်လုပွဲ မှာ မြန်မာအတွဲက ထိုင်းအတွဲကို (၃ - ၁)နဲ့ ရှုံးပြီး ဒုတိယ ငွေတံဆိပ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

မြန်မာအတွဲဖြစ်တဲ့ အောင်ဆန်းဦးနဲ့ ကျော်ဦးတို့ အတွဲဟာ ထိုင်းအတွဲဖြစ်တဲ့ ပရာပတ် ချိုင်သာ နာဆပ်ကန်နဲ့ အုဒွန် ခိုင်မက်တို့ အတွဲကို (၁၀၁ - ၂၆)၊ (၁၀၂ - ၉၅)၊ (၃၅ - ၁၀၀)၊ (၁၀၁ - ၆၃)တို့နဲ့ ရှုံးခဲ့ခြင်း ဖြစ်ပါတယ်။

အောင်ဆန်းဦးနဲ့ ကျော်ဦးတို့အတွဲဟာ ကွာတာဖိုင်းနယ်မှာ စင်္ကာပူအတွဲကို (၃ - ၂)နဲ့ အနိုင်ရ ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၂ အာရှအားကစားပြိုင်ပွဲမှာ ၎င်းတို့နှစ်ယောက်ဟာ ကြေးတံဆိပ် ရရှိခဲ့ ဖူးပါတယ်။

ဒိုဟာ အာရှအားကစားပြိုင်ပွဲ ၀င်နေတဲ့ မြန်မာအားကစားအဖွဲ့ဟာ ယနေ့အချိန်အထိ ငွေတံ ဆိပ် (၃)ခုနဲ့ ကြေးတံဆိပ် (၂)ခု ရရှိထားပါတယ်။ ငွေတံဆိပ်ရရှိထားတဲ့ အားကစား ပြိုင်ပွဲ အမျိုးအစားတွေက အမျိုးသမီးအလေးမ၊ အမျိုးသားနှစ်ယောက်တွဲ ဘိလိယက်ဖြစ်ပြီး ကြေး တံဆိပ် ရရှိထားတဲ့ အားကစားနည်းကလည်း အမျိုးသမီး အလေးမ ဖြစ်ပါတယ်။

မြန်မာ အားကစားအဖွဲ့ဟာ (၁၅)ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲမှာ အားကစားနည်း (၇) မျိုး ဖြစ်တဲ့ ရွက်လှေ၊ ၀ူရှုး၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ အလေးမ၊ ဘိလိယက်နဲ့ မြားပစ် ပြိုင် ပွဲတို့မှာသာ ၀င်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပါတယ်။


အောင်ဆန်းဦး ဘောလုံးကို ချိန်ရွယ်နေစဉ်