ကာတာနိုင်ငံမှာ ပြုလုပ်နေတဲ့ (၁၅)ကြိမ်မြောက် ဒိုဟာ အာရှအားကစားပြိုင်ပွဲ အမျိုးသား ပိုက် ကျော်ခြင်း ပြိုင်ပွဲ တတိယ နေရာလုပွဲမှာ မြန်မာအသင်းဟာ အင်ဒိုနီးရှားကို အနိုင်ရပြီး ကြေး တံဆိပ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။
မြန်မာအမျိုးသား ပိုက်ကျော်ခြင်းအသင်းဟာ အုပ်စုတွင်းမှာ အိန္ဒိယနဲ့ ဂျပန်တို့ကို အနိုင်ရ ရှိခဲ့ ပြီး ဆီးမီးဖိုင်နယ်မှာ ထိုင်းကို အရှုံးပေး ခဲ့ရပါတယ်။
ဗိုလ်လုပွဲမှာ လက်ရှိ ချန်ပီယံ ထိုင်းအသင်းဟာ မလေးရှား အသင်းကို (၂)ပွဲပြတ်နဲ့ အနိုင်ရပြီး ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ ပါတယ်။ ထိုင်းအသင်းဟာ ၁၉၉၈နဲ့၂၀၀၂ အာရှအားကစား ပြိုင်ပွဲရဲ့ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲတွေမှာလည်း ရွှေတံဆိပ်ရရှိခဲ့ပြီး ယခုအကြိမ်နဲ့ပါဆို (၃)ကြိမ်ဆက်တိုက် ရရှိခြင်း ဖြစ်ပါတယ်။
|