ယခင် ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဟောင်း မိုက်တိုက်ဆန်ဟာ ယမန်နေ့က အာရီဇိုးနာမှာ မူးယစ် ဆေးဝါး သုံးစွဲပြီး ကားမောင်းမှုနဲ့ ကိုကင်း လက်ဝယ်တွေ့ရှိမှုတို့ကြောင့် အဖမ်းခံထားရကြောင်း ရဲအဖွဲ့က ပြောပါတယ်။
“တိုင်ဆန်ဟာ အရီဇိုးနားပြည်နယ်မှာရှိတဲ့ အရှေ့ဖီးနစ်ရဲ့ ၁၀မိုင်အကွာ စကော့စ်ဒေးလ်မှာ သူ့ ရဲ့ ဘီအမ်ဒဗလျုကားနဲ့ ပြည်နယ် အရာရှိတစ်ယောက်ရဲ့ ကားတို့ တိုက်မိပြီးနောက် အဖမ်း ခံရခြင်း ဖြစ်ပါတယ်” လို့ တရားရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကိုယ်တိုင်ဖမ်းဆီးခဲ့တဲ့ ရဲအရာရှိက “တိုက်ဆန်နဲ့ အင်တာဗျုး လုပ်တဲ့အခါမှာ သူဟာ အဲဒီနေ့က မူးယစ်ဆေးဝါး သုံးစွဲထားကြောင်းနဲ့ အခုအခါမှာ ဆေးစွဲနေတဲ့အတွက် ပြဿနာ ဖြစ်နေ ကြောင်း ၀န်ခံထားပါတယ်” လို့ ပြောပါတယ်။
မိုက်တိုင်ဆန်ဟာ သူ့ရဲ့ အိတ်ထဲမှာ ကိုကင်းကို အမြဲဆောင်ထားပြီး လိုအပ်တဲ့အချိန်တိုင်း သုံးစွဲကြောင်း ၀န်ခံထားပါတယ်။ သူဟာ ယမန်နေ့က တရားရုံးမှာ အမှုရင်ဆိုင်ခဲ့ပြီး လာမယ့် ဇန်န၀ါရီ (၁၆)ရက်နေ့မှာ တရားရုံးကို ထပ်မံလာရောက် အစစ်ခံရမှာ ဖြစ်ပါတယ်။
“သံမဏိ မိုက်” လို့ လူသိများတဲ့ တိုက်ဆန်ဟာ အသက် (၂၁)နှစ်အရွယ် ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံ သရဖူကို ရရှိခဲ့ပါတယ်။ ချန်ပီယံဖြစ်အဖြစ် နောက်တစ်နှစ်မှာ ပြိုင်ဖက် ကစားသမားရဲ့ နားရွက်ကို ကိုက်ခဲ့မှုအတွက် ဒဏ်ငွေဒေါ်လာ (၂.၈၅)သန်း (ပေါင် ၁.၅ သန်း) ပေးဆောင်ရပြီး ကစားခွင့် တစ်နှစ်အပိတ် ခံခဲ့ရပါတယ်။
အသက် (၄၀)နှစ်ရှိ တိုင်ဆန်ဟာ ရာဇ၀တ်မှု ကျုးလွန်ဖူးတဲ့ သမိုင်းကြောင်း ရှိပြီး ၁၉၉၂ တုန်းက ချောပတဲ့ ပြဇတ်မင်းသမီး တစ်ယောက်ကို ဟိုတယ်အခန်းအတွင်းမှာ မုဒိမ်းမှု ကျုးလွန်ခဲ့တဲ့အတွက် ထောင် (၆)နှစ် ကျခဲ့ပါတယ်။ ထောင်ဒဏ် (၃)နှစ် ကျခံအပြီး ၁၉၉၅မှာ ပြန်လည် လွတ်မြောက် လာပါတယ်။
တိုင်ဆန်ဟာ ယမန်နှစ်က အပျော်တမ်း လက်ဝှေ့သမား ကီဗင် မက်ဘရစ်ခ်ျကို ရှုံးနိမ့်ပြီး နောက် လက်ဝှေ့လောက ကနေ အနားယူ ခဲ့ပါတယ်။
|