၂၀၀၇ ဇူလိုင်လ (၇)ရက်နေ့မှာ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီိယက်နမ်နဲ့ မလေးရှားနိုင်ငံတို့မှာ အိမ်ရှင် အဖြစ် လက်ခံကျင်းပမယ့် အာရှဖလား အုပ်စုပွဲစဉ်များ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။
ယခုပြိုင်ပွဲမှာ အိမ်ရှင်တစ်နိုင်ငံစီက အုပ်စု (၄)ခုမှာ တစ်အုပ်စုစီ ပါဝင်မှာဖြစ်ပြီး အုပ်စု အဖွင့်ပွဲ စဉ်ကို ထိုင်းနိုင်ငံ ဘန်ကောက်၊ ဆီမီးဖိုင်နယ်ပွဲစဉ် (၂)ကို ဗီယက်နမ်နဲ့ မလေးရှား၊ ဗိုလ်လု ပွဲကို အင်ဒိုနီးရှားတို့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ယင်းပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်းပေါင်း (၁၆)သင်း ပါဝင်ပြီး အဖွင့်ပွဲစဉ်များအဖြစ် ထိုင်းနဲ့ အီရတ်၊ မလေးနဲ့ တရုတ်၊ ဗီယက်နမ်နဲ့ ယူအေအီး၊ အင်ဒိုနီးရှားနဲ့ တရုတ်တို့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
လက်ရှိ အုပ်စုပွဲစဉ်များအရ သြစတြေးလျပါဝင်တဲ့ အုပ်စု (က)နဲ့ ဂျပန်၊ ကာတာနဲ့ ယူအေ အီးတို့ ပါဝင်တဲ့ အုပ်စု (ခ)ပွဲစဉ်များကို အကျပ်တည်းဆုံး အုပ်စုများအဖြစ် သတ်မှတ်ထား ကြ ပါတယ်။
အာရှဖလား အုပ်စုများ -
အုပ်စု (A) ထိုင်း၊ သြစတြေးလျ၊ အိုမန်၊ အီရတ်
အုပ်စု (B) ဗီယက်နမ်၊ ဂျပန်၊ ကာတာ၊ ယူအေအီး
အုပ်စု (C) မလေးရှား၊ အီရန်၊ ဥဇဘက်ကစ္စတန်၊ တရုတ်
အုပ်စု (D) အင်ဒိုနီးရှား၊ ကိုရီးယား၊ ဆော်ဒီ၊ ဘာရိန်း
|