DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
အာရှအားကစား
မော်တာကျည်ဆံ ကျရောက်ပေါက်ကွဲလို့ အီရတ်ဘောလုံးသမား (၄)ဦး ဒဏ်ရာရ
အေအက်ဖ်ပီ - ဒီဇင်ဘာ ၂၆၊ ၂၀၀၆

အီရတ်ဘောလုံးသမား (၄)ဦးဟာ ဘက်ဂဒက်မြို့မှာရှိတဲ့ ဘောလုံးကွင်းတစ်ခုမှာ လေ့ကျင့်နေစဉ် အနီးအနားမှာ မော်တာကျည်ဆံ ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် ဒဏ်ရာရ ရှိခဲ့ကြောင်း နည်းပြက ပြောပါတယ်။

“ကစားသမား (၄)ဦး စလုံး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး (၃)ဦးက ဒဏ်ရာ မပြင်းထန်ပေမယ့် ကျန် တစ်ဦးကတော့ ကျည်ဆံ အစအန ထိမှန်ခဲ့တဲ့အတွက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်” လို့ အသင်းသားဖြစ်တဲ့ အဒူ ရာရှစ်က ပြောဆိုခဲ့ပါတယ်။

၎င်းတို့ (၄)ဦးစလုံးဟာ အီရတ်ပထမတန်း ဘောလုံးကလပ် အယ် ဇာဝါအသင်းသားတွေ ဖြစ်ပါ တယ်။

အီရတ်နိုင်ငံမှာ နေ့စဉ်လိုလို အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ ခြံခို တိုက်ခိုက်မှုတွေ ရှိနေပေမယ့် အီရတ်ပြည်တွင်း ဘောလုံးကလပ် ပြိုင်ပွဲတွေကိုတော့ ကျင်းပလျက် ရှိနေပြီး လုံခြုံရေး အခြေ အနေအရ နေရာ (၃)နေရာ ခွဲပြီး ပြုလုပ်ပါတယ်။


အယ် ဇာဝီကလပ် အမှတ်တံဆိပ်