DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
တင်းနစ်
(၄)နှစ်အတွင်း ရှန်ဟိုင်း မာစတာချန်ပီယံဆုကို ရော်ဂျာဖာဒါရာက ဂျိမ်းဘရိတ်ကို အနိုင်ယူပြီး (၃)ကြိမ်မြောက် ဆွတ်ခူး
အေဂျင်စီသတင်းများ - နိုဝင်ဘာ ၂၀၊ ၂၀၀၆

ယမန်နေ့က ပြုလုပ်ခဲ့တဲ့ ရှန်ဟိုင်းမာစတာ ဗိုလ်လုပွဲမှာ ကမ္ဘာ့နံပါတ်တစ် ဖာဒါရာက အမေရိ ကန်စတား ဂျိမ်းဘရိတ်ကို လက်ရည်အသာဖြင့် ပွဲကို စိတ်ကြိုက်ကစားကာ (၆ - ၀)၊ (၆ - ၃)၊ (၆ - ၄)နဲ့ အနိုင်ရပြီး ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

ဆွစ်ဇာလန်သား ဖာဒါရာဟာ ပြီးခဲ့တဲ့နှစ်က ဗိုလ်လုပွဲမှာသာ အာဂျင်တီးနားသား နယ်ဘန် ဒီရန်ကို ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံဆုကို လက်လွှတ်ခဲ့ရပေမယ့် ယခုအကြိမ်နဲ့ပါဆို (၄)နှစ်အတွင်း မာစတာဖလားကို (၃)ကြိမ်မြောက် ရရှိခြင်း ဖြစ်ပါတယ်။

“အခုလို မာစတာဖလားကို ထပ်မံရရှိခြင်းဟာ ကျနော် အတွက် မယုံကြည်နိုင် လောက် အောင်ပါပဲ။ ဒီရာသီဟာ ကျနော်အတွက် မယုံကြည်နိုင်လောက်အောင် ပြီးပြည့်စုံစွာနဲ့ အဆုံး သတ် ကောင်းခဲ့ပါတယ်” လို့ ရော်ဂျာ ဖာဒါရာက ပြောဆိုခဲ့ပါတယ်။

နယူးယောက်သား ဂျိမ်းဘရိတ်ဟာ အုပ်စုပွဲစဉ်တလျှောက်နဲ့ ဆီးမီးဖိုင်နယ်မှာ ကမ္ဘာ့အဆင့် (၂) ရာဖယ်နာဒယ်၊ လက်ရှိချန်ပီယံ နယ်ဘန်ဒီရန်တို့ကို ဖြတ်ကျော်ပြီးမှာ ဗိုလ်လုပွဲကို တက် ရောက်လာခြင်း ဖြစ်ပါတယ်။

ဂျိမ်းဘရိတ်က “ဒီပွဲမှာ ကျနော် ဘာမှလုပ်မရအောင် ဖြစ်ခဲ့ပါတယ်။ ဖာဒါရာ ကစားတာ အရမ်း ကို ကောင်းပါတယ်။ ကျနော်သူ့ကို ချီးကျုးတဲ့အကြောင်း ပြောချင်ပါတယ်။ သူဟာ အချိန်တိုင်း မှာ အကောင်းဆုံးဖြစ်အောင် ကစားနိုင်ပါတယ်” လို့ ပြောပါတယ်။

အသက် (၂၆)နှစ်ရှိ ဖာဒါရာဟာ အုပ်စုပွဲစဉ်ကနေ ဗိုလ်လုပွဲအထိ ရှုံးပွဲမရှိ ချန်ပီယံဖြစ်ခဲ့တဲ့ အ တွက် ဆုကြေးငွေ ဒေါ်လာ (၁.၅၂)သန်း ရရှိခဲ့ပါတယ်။ ဂျိန်းဘရိတ်ကတော့ ဖာဒါရာဟာ တစ်နှစ်အတွင်း ယှဉ်ပြိုင် ခဲ့တဲ့ ပြိုင်ပွဲတွေကနေ ရရှိတဲ့ စုစုပေါင်း ၀င်ငွေဟာ ဒေါ်လာ (၈)သန်း ကျော်ဖြစ်တဲ့အတွက် တင်းနစ်လောကမှာ ၀င်ငွေအများဆုံးရရှိတဲ့ ပထမဆုံး ကစားသမား ဖြစ်လာပါတယ်။

ဂျိမ်းဘရိတ်ဟာ မာစတာဗိုလ်လုပွဲအထိ တက်ရောက် နိုင်ခဲ့တဲ့ အတွက် ယခင်ကမ္ဘာ့အဆင့် (၈)ကနေ အဆင့် (၄)နေရာကို တက်လှမ်းနိုင်ခဲ့ပြီး ဖာဒါရာကတော့ နံပါတ်တစ်နေရာမှာ မြဲနေ ပါတယ်။


ရှန်ဟိုင်းမာစတာ ဆုဖလားနဲ့ ဖာဒါရာ

အဆင့်လိုက် ကမ္ဘာ့အကောင်းဆုံး တင်းနစ်ကစားသမား (၈)ဦး စာရင်း

၁။ ရော်ဂျာ ဖာဒါရာ (ဆွစ်ဇာလန်)
၂။ ရာဖယ်နာဒယ် (စပိန်)
၃။ ဒေဗီဒန်ကို (ရုရှ)
၎။ ဂျိမ်းဘရိတ် (အမေရိကန်)
၅။ လွတ်ဘစ်ဆစ် (ခရိုအေးရှား)
၆။ ရော့ဒစ် (အမေရိကန်)
၇။ ရိုဘာဒို (စပိန်)
၈။ နယ်ဘန်ဒီရန် (အာဂျင်တီးနား)