DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
တင်းနစ်
ရှန်ဟိုင်း မာစတာ ဗိုလ်လုပွဲမှာ ဖာဒါရာနဲ့ အမေရိကန်စတား ဂျိမ်းဘရိတ်တို့ တွေ့ဆုံ
ရိုက်တာ - နိုဝင်ဘာ ၁၉၊ ၂၀၀၆

ရှန်ဟိုင်းမာစတာ ဆီးမီးဖိုနယ်မှာ ရော်ဂျာ ဖာဒါရာက ကမ္ဘာ့အဆင့် (၂)ဖြစ်တဲ့ စပိန်သား ရာဖယ်နာဒယ်ကို (၆ - ၄)၊ (၇ -၅) နဲ့ နိုင်ပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။

အမေရိကန်စတား ဂျိမ်းဘရိတ်ကလည်း လက်ရှိချန်ပီယံ အာဂျင်တင်းသား နယ်ဗန်ဒီရန်ကို (၆ - ၄)၊ (၆ -၁)နဲ့ အနိုင်ယူကာ ဗိုလ်လုပွဲမှာ ဖာဒါရာနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဆွစ်သား ဖာဒါရာက “ဒီပွဲဟာ ကျနော်အတွက် အဆင့်မြင့်ဆုံးနဲ့ အကောင်းဆုံးပွဲတစ်ပွဲ ဖြစ်ပါတယ်။ အခုလို ဒီလိုပွဲကောင်းမျိုးတွေကို ကစားဖို့ပြီး ဗိုလ်လုပွဲကို ရောက်လာအတွက် ၀မ်းသာပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ ယခုနိုင်ပွဲဟာ ဖာဒါရာအတွက် (၂၈)ပွဲမြောက် နိုင်ပွဲဖြစ်ပါတယ်။

အသက် (၂၆)နှစ်ရှိ ဖာဒါရာဟာ လွန်ခဲ့တဲ့ ၂၀၀၃၊ ၂၀၀၄ ရှန်ဟိုင်း မာစတာပြိုင်ပွဲတွေမှာ ချန်ပီယံ ဖြစ်ခဲ့ပြီး ယမန်နှစ် ဗိုလ်လုပွဲမှာတော့ နယ်ဗန်ဒီရန်ကို ရှုံးခဲ့ပါတယ်။ ယခုအ ကြိမ်ဟာ ဖာဒါရာရဲ့ (၄)ကြိမ်မြောက် မာစတာပြိုင်ပွဲ ဗိုလ်လုပွဲ ဖြစ်ပါတယ်။

အသက် (၂၀)နှစ်ရှိ နာဒယ်က “ကျနော်ရဲ့ ကစားပုံနဲ့ ပြိုင်ပွဲရလဒ်အတွက် ကျေနပ်ပါတယ်။ ဖာဒါရာဟာ ပွဲစကတည်းက မယုံကြည်နိုင်လောက်အောင် လက်စွမ်းပြခဲ့ပါတယ်။ ဒါပေမယ့် ကျနော်လည်း သူ့နောက်က ကပ်လိုက်နိုင်ခဲ့ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

နာဒယ်ဟာ ပြီးခဲ့တဲ့ ၀င်ဘယ်ဒန် ဗိုလ်လုပွဲမှာတုန်းကလည်း ဖာဒါရာကို ရှုံးနိမ့်ခဲ့ပေမယ့် ပြင်သစ်အိုးပင်း ဗိုလ်လုပွဲမှာတော့ ဖာဒါရာကို အနိုင်ရပြီး ချန်ပီုယံ ဖြစ်ခဲ့ပါတယ်။ ဖာဒါရာ ဟာ ၀င်ဘယ်ဒန်၊ သြစတြေးလျအိုးပင်းနဲ့ ယူအက်စ်အိုးပင်းတို့ရဲ့ လက်ရှိ ချန်ပီယံ ဖြစ်ပါတယ်။

ဗိုလ်လုပွဲကို ယနေ့ ယှဉ်ပြိုင်မှာဖြစ်ပြီး ဖာဒါရာနဲ့ ဂျိမ်းဘရတ်တို့ ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါ တယ်။ ဗိုလ်လုပွဲ အနိုင်ရတဲ့သူဟာ ဆုကြေးငွေ အမေရိကန်ဒေါ်လာ (၇၀၀,၀၀)(ရမှာဖြစ်ပြီး ပြိုင်ပွဲတလျှောက် ရှုံးပွဲမရှိဘဲ ဗိုလ်စွဲတဲ့သူဟာ ဆုကြေးငွေ ဒေါ်လာ (၁,၅၂၀,၀၀၀) ရမှာ ဖြစ်ပါတယ်။

ဖာဒါရာဟာ တစ်နှစ်အတွင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေကနေ ယခုနောက်ဆုံး မာစတာပြိုင်ပွဲအထိ ရရှိခဲ့တဲ့ ၀င်ငွေဟာ စုစုပေါင်း ဒေါ်လာ (၇)သန်းကျော်သွားပြီ ဖြစ်ပါ တယ်။


နာဒယ်ကို အနိုင်ယူပြီး အောင်ပွဲခံနေတဲ့ ဖာဒါရာ