DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
တင်းနစ်
ရှန်ဟိုင်းမာစတာ ဆီးမီးဖိုင်နယ်မှာ ဖာဒါရာနဲ့ နာဒယ်၊ ဂျိမ်းဘရိတ်နဲ့ နယ်ဗန်ဒီယန်တို့ တွေ့ဆုံ
အေဂျင်စီသတင်းများ - နိုဝင်ဘာ ၁၈၊ ၂၀၀၆

ရှန်ဟိုင်းမာစတာ ပြိုင်ပွဲရဲ့ ရွှေရောင်အုပ်စု နောက်ဆုံးပွဲစဉ်မှာ ရာဖယ်နာဒယ်က ဒေဗီဒန်ကိုကို (၅ - ၇)၊ (၆ - ၄)၊ (၆ - ၄)နဲ့ အနိုင်ရပြီး ဆီးမီဖိုင်နယ်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။

စပိန်သား နာဒယ်ဟာ ရုရှက ဒေဗီဒန်ကိုကို စုစုပေါင်း (၂)နာရီနဲ့ (၄၄)မိနစ်ကြာရိုက်ပြီးမှာ အနိုင်ရခြင်း ဖြစ်ပါတယ်။ ဆီးမီးဖိုင်နယ်မှာ နာဒယ်ဟာ ကမ္ဘာ့အဆင့် (၁)ဖြစ်တဲ့ ရော်ဂျာ ဖာဒါရာနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အုပ်စုတူဖြစ်ပြီး ဆီးမီးဖိုင်နယ်ကို တက်ဖို့သေချာနေပြီဖြစ်တဲ့ ဂျိမ်းဘရိတ်က ရိုဘာဒိုကို (၆ - ၂)၊ (၃ - ၆)၊ (၇ - ၅)နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ရိုဘာဒိုက ယခုပွဲနိုင်သော်လည်း အရင် (၂)ပွဲမှာ ရှုံးထားတဲ့အတွက် အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။

ပွဲအပြီးမှာ ကမ္ဘာ့အဆင့် (၂)ဖြစ်တဲ့ နာဒယ်က “ဒီပွဲဟာ ကျနော်အတွက် တစ်နှစ်အတွင်းမှာ အကောင်းဆုံး ပွဲဖြစ်ပါတယ်။ ဖာဒါရာနဲ့ ကစားမယ့် ဆီးမီးဖိုင်နယ်ပွဲဟာ ကျနော်အတွက် ပိုပြီး ခက်ခဲမှာ ဖြစ်ပါတယ်။ ဖာဒါရာဟာ သူ့ဘ၀ရဲ့ အကောင်းဆုံး လက်စွမ်းကို ရနေချိန် ဖြစ်ပါ တယ်” လို့ ပြောဆိုခဲ့ပါတယ်။

၎င်းက ဆက်လက်ပြီး “ဒေဗီဒန်ကိုဟာ ကမ္ဘာ့အဆင့် (၃)ဖြစ်ပါတယ်။ သူကစားတာဟာ မယုံကြည်နိုင်လောက်အောင် အဆင့်မြင့်ပါတယ်။ လျင်မြန်ပြီး ရိုက်ချက်တွေဟာ စည်းမျဉ်းပေါ် ကိုရောက်အောင် အတိအကျ ရိုက်နိုင်ပါတယ်” လို့ ပြောပါတယ်။

ဆီးမီးဖိုင်နယ်ပွဲစဉ်များ ယနေ့ကျင်းပမှာ ဖြစ်ပြီး ရော်ဂျာဖာဒါရာနဲ့ ရာဖယ်နာဒယ်၊ ဂျိမ်းဘရိတ်နဲ့ လက်ရှိချန်ပီယံ နယ်ဗန်ဒီယန်တို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲကို မနက်ဖြန် နိုဝင်ဘာ (၁၉)ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။


ရာဖယ်နာဒယ် ဘောလုံးဆယ်ယူနေစဉ်