DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
တင်းနစ်
အုပ်စုနောက်ဆုံးပွဲစဉ်မှာ နယ်ဗန်ဒီယန်က ရော့ဒစ်ကို အနိုင်ယူပြီး ကမ္ဘာ့အဆင့် (၁) ဖာဒါရာနဲ့ အတူ ဆီးမီးဖိုင်နယ်တက်
အေဂျင်စီသတင်းများ - နိုဝင်ဘာ ၁၇၊ ၂၀၀၆

လက်ရှိချန်ပီယံ နယ်ဗန်ဒီယန်ဟာ အနီရောင်အုပ်စုရဲ့ နောက်ဆုံးပွဲစဉ်မှာ အမေရိကန်စတား ရော့ဒစ်ကို (၆ - ၂)၊ (၇ - ၆)နဲ့ အနိုင်ယူပြီး ကမ္ဘာ့အဆင့် (၁) ရော်ဂျာ ဖာဒါရာနဲ့အတူ ဆီးမီး ဖိုင်နယ်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။

ရော်ဂျာ ဖာဒါရာက ရှန်ဟိုင်းမာစတာ အုပ်စုပတ်လည် နောက်ဆုံးပွဲစဉ်မှာ ခရိုအေးရှားသား လွတ်ဘစ်ဆစ်ကို (၇ - ၆)၊ (၆ - ၄)နဲ့ အနိုင်ရပြီး အုပ်စုပွဲစဉ် (၃)ပွဲစလုံး အနိုင်ရကာ ဆီးမီးဖိုင်နယ်ကို တက်ရောက် သွားခြင်း ဖြစ်ပါတယ်။

နယ်ဗန်ဒီယန်ဟာ ရော့ဒစ်၊ လွတ်ဘစ်ဆစ်တို့နဲ့အတူ အုပ်စုတွင်းမှာ တစ်ပွဲစီသာ အနိုင်ရထား ပေမယ့် တင်းနစ်ဥပေဒေအရ နယ်ဗန်ဒီယန်က (၄ - ၄)ဖြစ်ပြီး ကျန်တဲ့သူတွေက (၃ - ၅) သာရတဲ့အတွက် အုပ်စုဒုတိယနဲ့ ဆီးမီးကို တက်သွားခြင်း ဖြစ်ပါတယ်။

အာဂျင်တင်းသား နယ်ဗန်ဒီရမ်က “ပွဲအစမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပြီး လျင်လျင် မြန်မြန် ကစားနိုင်ခဲ့ပါတယ်။ နောက်ပြီး ပွဲစဉ်တစ်ခုလုံးကို ထိမ်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် လွယ်လွယ် ကူကူနဲ့တော့ အနိုင်ရခဲ့တာ မဟုတ်ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။

ရွှေရောင်အုပ်စုရဲ့ နောက်ဆုံးပွဲစဉ်များကို ယနေ့ပြုလုပ်မှာ ဖြစ်ပြီး ရာဖယ်နာဒယ်နဲ့ ဒေဗီဒန်ကို၊ ရိုဘာတိုနဲ့ ဂျိမ်းဘရိတ်တို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ဂျိမ်းဘရတ်က ကစားပြီးသမျှ (၂)ပွဲစလုံး အနိုင်ရထားတဲ့အတွက် ဆီးမီးဖိုင်နယ်တက်ဖို့ သေချာသလောက် ဖြစ်နေပါတယ်။

ဆီမီးဖိုင်နယ်ပွဲစဉ်များကို မနက်ဖြန် နိုဝင်ဘာလ (၁၈)ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး ဗိုလ်လုပွဲ ကိုတော့ (၁၉)ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ အနိုင်ရဗိုလ်စွဲတဲ့သူဟာ ဆုကြေးငွေ ဒေါ်လာ (၇၀၀,၀၀၀) ရရှိမှာဖြစ်ပြီး အုပ်စုပွဲစဉ်တလျှောက် ရှုံးပွဲမရှိဘဲနဲ့ ဗိုလ်စွဲရင် တော့ ဆုကြေးငွေ ဒေါ်လာ (၁,၅၂၀,၀၀၀) ရရှိမှာ ဖြစ်ပါတယ်။


အရှုံးအတွက် စိတ်ပျက်နေတဲ့ ရော့ဒစ်